ငါ့အချစ်က မင်းနဲ့စပြီး မင်းကပဲငါ့အချစ်ရဲ့အနားသတ်မျဉ်းပါ။🚨

295 25 0
                                    

Maria အိပ်ပျော်နေစဉ် သူမဆံပင်လေးတွေကို တစ်စုံတစ်ယောက်ရဲ့လက်က လာပွတ်သပ်နေသည်ကို ခံစားနေရသည်မို့ မျက်စိဖွင့်ကာ ကြည့်လိုက်သည်။

Maria - " Sharr! "

Sharr - " အင်း sorry ကိုယ့်ကြောင့်နိုးသွားတာလား?"

Maria ခေါင်းကိုရမ်းပြရင်း အိပ်ယာမှထထိုင်ပြီး Sharrမျက်နှာလေးကို ကိုင်လိုက်ကာ

Maria - " အေးနေတာပဲ အခုမှရောက်လာတာလား?"

Sharr - " အင်း အခုမမ​က ဒီလိုကိုင်ထားပေးတာမလို့ မအေးတော့ဘူး"

Maria ဘေးမှ နာရီကိုလှမ်းကြည့်လိုက်သည်။
Maria - " 12:00 ဒီနေ့ဒီမှာပဲ အိပ်ကြမလား?"

Sharr - " မမသဘော"

Maria သူမခြုံထားသောစောင်ကိုအသာမလိုက်ပြီး Sharrကိုခြုံပေးလိုက်သည်။

Maria - " လာ အိပ်ကြရအောင် "

Sharr - " အင်း "

Maria - " ဟင်? Sh..Sharr မလုပ်.."

Sharr - " မမ...! မလိုချင်ဘူးလား?"

သူမအင်္ကျီအောက်ထဲခေါင်းတိုးဝင်နေရာမှ ရုတ်တရက်တားခံလိုက်ရသောကြောင့် ခေါင်းလေးမော့ကာ သူမကိုကြည့်ရင်း ပြောလာသော Sharrရဲ့ ပုံစံကြောင့် Maria , သူမမျက်နှာကို သူမလက်ဖဝါးဖြင့်အုပ်လိုက်ပြီး

Maria 💭 သေရော ငြင်းဖို့အားတောင်မရှိတော့ဘူး။ အခု Sharrရဲ့ ပုံစံက ဘယ်လိုတောင် ဆွဲဆောင်မှုတွေပြည့်နေတာလည်း...💭💭

Sharr က သူမမျက်နှာကိုကာနေသော လက်တွေကိုလာဖယ်လိုက်ပြီး သူမနှုတ်ခမ်းကိုနမ်းကာ

Sharr - " မျက်နှာကို မကာပါနဲ့ ။ ဒီည Sharrကိုမလိုချင်ဘူးလားဟင်။ Sharr နည်းနည်းပဲထိမှာပါ မရဘူးလားဟင်?"

Maria - " မေမေ.. ဘေးအခန်းမှာရှိနေတယ်လေ Sharrရဲ့ နော်။ နောက်နေ့ ကွန်ဒိုရောက်မှ Ah! Sh..Sharr .."

Sharr - " မမက အသံကိုနည်းနည်းထိန်းထားပေးရင် အဆင်ပြေမှာပါနော် နည်းနည်းပဲဆက်ထိမယ်လေ။... လှလိုက်တာ မမ က ... "

Maria သူမလည်းမလိုချင်တာမဟုတ်ပေမယ့် မေမေရှိနေသည်မို့လည်းပါသလို Sharr ထိလိုက်တိုင်း သူမကိုယ် သူမ မထိန်းနိုင်ဘူးဆိုတာလည်းသိနေသည်မို့ Sharrကို ဒီညငြင်းချင်သော်လည်း Sharrက အတင်းသူမကိုယ်ကို ဖိထားကာ ဆက်လုပ်နေသောကြောင့် Maria တုန်ရီနေသော်လည်း အားကုန်သုံးကာ Sharr ပုခုံးကိုလက်ဖြင့်တွန်းကာ ကြိုးစားတားနေရသည်။

Dear Maria,....Where stories live. Discover now