🤍 🩸Chapter 10 🩸🤍 🩸🩸🩸🩸

500 34 0
                                    

Maria ကျောလေးကို လက်ဝါးလေးဖြင့် ညင်သာစွာပုတ်ပေးနေသော Sharr ပုခုံးပေါ်သို့ Maria ခေါင်းလေးက လာမှီလိုက်သည်။

Sharr - "ငိုချင်နေရဲ့သားနဲ့ ပြုံးဖို့ကြိုးစားရတာက နာကျင်ဖို့ကောင်းတယ်။"

Maria ခေါင်းကို ငြိမ့်လိုက်ပြီး .."အင်း...ကျေးဇူးပါ...."

ထိုအချိန်.. Sharr ရဲ့ကွန်ဒိုခန်းတွင်,

Dara - " ကိုးနာရီတောင် ထိုးတော့မယ် Meili စားနှင့်ပါ့လား? Sharr....သူ့မှာအရေးကြီးကိစ္စပေါ်လာလို့နေမှာပါ။"

Dara စကားကို ချက်ချင်းမဖြေပဲ ..Meili ဧည့်ခန်းဆိုဖာပေါ်တွင် ထိုင်ရင်း နံရံပေါ်ရှိ နာရီကြီးကိုကြည့်လိုက်သည်။
" 8:55 Pm"
Meili - " ဖုန်းလည်းမကိုင်ဘူး.... အမ ပြန်တော့မှာလား?"

Dara - " Sharr ပြန်လာမှ..."

Meili ထကာ မီးဖိုခန်းဆီသို့ လျှောက်ကာသွားလိုက်သည်။ ထမင်းစား စားပွဲပေါ် လက်ထောက်ကာ မတ်တပ်ရပ်ပြီး သူမရှေ့မှ ဟင်းပန်ကန်တွေကို ရေခဲသေတ္တာထဲ ထည့်သိမ်းနေသော Dara ကို စူးစူးစိုက်စိုက်ကြည့်လိုက်သည်။ ပြီးနောက်

Meili - " အမDara နဲ့ မမက ဒီအတိုင်း အလုပ်ရှင်/အလုပ်သမားဆက်ဆံရေးကောဟုတ်ရဲ့လား? ဘယ်အလုပ်သမားကများ ဒီလောက်အထိ......"

Dara နှုတ်ခမ်းလေး မဲ့ရုံသာ ပြုံးလိုက်ပြီးနောက်" ဒုန်း!!!! " Meili လက်ထောက်ထားသော စားပွဲပေါ်သို့ ရေတစ်ခွက်ကိုဆောင့်ချလိုက်သည်။

Dara - "သေချာပေါက် အလုပ်ရှင်/အလုပ်သမားဆက်ဆံရေးမဟုတ်ဘူးပေါ့...."

Meili - "အပိုတွေ ဟွန်း!! သီချင်းသွားနားထောင်တော့မယ် ဒါပဲ"

သူမစကားကြောင့် ခြေဆောင့်ကာထွက်သွားသော Meili ကိုကြည့်ရင်း Dara ပြုံးလိုက်သည်။ ထိုအပြုံးက ခဏသာ ..လက်မကို နှုတ်ခမ်းဖြင့် ကိုက်ရင်း Sharr ဘယ်တွေရောက်နေလည်းကို တွေးမိနေသည်။ သူမ အိတ်ထဲမှ ဖုန်းကိုထုတ်ပြီး ကြည့်လိုက်သည်။ Sharrရဲ့ အဝင်call ကော Message ကောမရှိ ..
☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️

Sharr သူမရဲ့ လက်ပတ်နာရီကို တချက်ကြည့်လိုက်သည်။  ည 9:00... ဖုန်းဆက်ရန် လက်ကိုင်ဖုန်းက ကားထဲမှာကျန်နေခဲ့သည်။ Maria ကတော့ အပူပင်ကင်းစွာ
သူမပုခုံးပေါ်မှီရင်း ငြိမ်သက်စွာအိပ်ပျော်နေသည်။
Sharr - 💭💭 ပုခုံးပေါ်ဆို နာနေလိမ့်မယ် ထင်တယ်

Dear Maria,....Where stories live. Discover now