ဘယ်အရာကမှ မင်းနေရာကို အစားမထိုးနိုင်ဘူး

254 26 2
                                    

Sharr အိမ်သို့ရောက်လျှင် ဆိုဖာပေါ်သို့ခြေပစ်လက်ပစ်လှဲကာထိုင်ချလိုက်သည်။ ခဏမျှကြာအောင် ထိုင်နေပြီးနောက် အိတ်ကပ်ထဲမှ ဖုန်းထုတ်ကာ

Sharr - " Hello! Dara ဂေဟာကို ပစ္စည်းတွေသွားပို့မယ် ကားထွက်သွားပြီလား ?"

Dara - " ဒီနေ့ ညနေပိုင်းက ထွက်သွားပြီ။ ဘာလို့လည်း တခုခုလိုတာရှိလို့လား?"

Sharr - " ငါ့ကို တခုစီစဉ်ပေး "

Dara - " အင်း ! သိပြီ ဒါဆို ငါနောက်ကနေ ပစ္စည်းတွေသယ်ပြီးလိုက်လာခဲ့မယ်လေ "

ဖုန်းဆက်ပြီးနောက် Sharr သူမအခန်းထဲသွားကာ အင်္ကျီအချို့ကို ဗီရိုမှထုတ်ကာ လက်ဆွဲအိတ်တစ်ခုထဲထည့်လိုက်သည်။ ပြီးနောက် ကားသော့ယူကာ အိမ်တံခါးပိတ်ပြီးထွက်လာခဲ့သည်။

တစ်ညလုံးကားကို တစ်ယောက်ထဲမောင်းလာပြီးနောက် အာရုဏ်တတ်ချိန်လောက်တွင် ပင်လယ်ကြီးကိုလှမ်းမြင်နေရပြီဖြစ်သောကြောင့် ကားကိုခဏမျှရပ်ကာ ပင်လယ်ကြီးနဲ့ ထွက်ခါစနေလုံးကြီးကို ငေးမောကြည့်နေလိုက်သည်။
🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊🌊
Maria ထမင်းစားခန်းထဲတွင် ကလေးတွေမနက်စာအတွက် ပြင်ဆင်နေစဉ် ရုတ်တရက် အပြင်မှ ဆူဆူညံညံအသံများကြားရပြီး မကြာမှီ ဆရာမလေးတစ်ယောက်ပြေးဝင်လာကာ

ဆရာမလေး - " အမ လုပ်ပါအုန်း။ ကလေးတွေက ဝိုင်းစလိုက်တာ ပန်းသီးလေးထွက်ပြေးသွားလို့"

Maria လက်ထဲမှ ဇွန်းကိုချလိုက်ပြီး အမြန်ပြေးလိုက်သွားလိုက်သည်။ ပန်းသီးလေးဆိုတာ မကြာသေးခင်က ဂေဟာကို ရောက်လာတဲ့ကလေးမလေး။ စရောက်လာကတည်းက အပြုံးအရယ်မရှိပဲ တစ်ယောက်ထဲကွဲထွက်နေတာမလို့ သူမသေချာစောင့်ရှောက်နေရတဲ့ကလေးလေးဖြစ်တာမို့ Maria စိတ်ပူမိသည်။ အနောက်မှသူမအော်ခေါ်နေသည့်တိုင်အောင် ပန်းသီးလေးက မရပ်ပဲဂိတ်ရှေ့မှပြေးထွက်စဉ် ရုတ်တရက်ဝင်လာသော ကားတစ်စီးနဲ့ .............. " ဒုန်း !!!!!!!"

Maria - " ပန်းသီးလေး!!!!!! ဘုရားရေ"  ဒုန်းဆိုသော အသံကြီးနဲ့အတူ တစ်ဆက်တည်းမှာပဲ ကားက ကလေးကိုရှောင်ပြီး ဘေးအုတ်နံရံဆီပြေးဝင်တိုက်ကာရပ် သွား ပြီးနောက် ကားပေါ်မှ လူတစ်ယောက်ကပန်းသီးလေးဆီပြေးသွားသည်ကို တွေ့လိုက်ရသည့်အတွက် Maria လည်း ထိုနေရာဆီပြေးသွားလိုက်သည်။

Dear Maria,....Onde histórias criam vida. Descubra agora