နင်ပြန်လာမယ်အထင်နဲ့ မျှော်လင့်ချက်မဲ့စွာ စောင့်နေမိတာ🌺

289 32 0
                                    

လွန်ခဲ့သော ၁၀ နှစ်ကျော်လောက်က ..ဒီလိုမိုးတွေရွာနေရင် ............
Maria သူမသိထားသော "မိုး" (ယခု Sharrဆိုသော မိန်းကလေး) လို့ သူမနှုတ်ဖျားမှ အမြဲမပြတ်အချိန်ပြည့်ခေါ်နေတတ်သော ထိုမိန်းကလေးသည် မှီထိုင်နေသော မှန်ပြတင်းပေါက်မှတဆင့် ရွာနေသော မိုးစက်တွေကိုငေးကြည့်နေစဉ် သူ့ပုခုံးပေါ်တွင်မှီကာအိပ်ပျော်နေသော Mariaသည် ဖြေးဖြေးချင်းလှုပ်လာပြီး မျက်လုံးကိုဖွင့်ကာ ...သူမပေါင်ပေါ်တွင် တင်ထားသော Sharrရဲ့လက်ချောင်းလေးတွေကိုဆုပ်ကိုင်လိုက်ရင်းကနေ မေးလိုက်သည်။

Maria - " အိပ်မပျော်ပြန်ဘူးလား?"

မိုး (ယခု Sharr) - " အင်း... ငါ့ကြောင့်နိုးသွားတာလား ထပ်အိပ်အုန်းလေ မနက်ဂေဟာကို ဧည့်သည်တွေလာဖို့ရှိတယ်မလား?"

Maria - " မိုး! ငါ........."

Sharr - " ရှုုး!! ကိစ္စမရှိဘူး တကယ်ပြောတာ ငါ့ကိုမငဲ့ပါနဲ့။ Mari နင်...မှတ်မိလား နင်  ငါ့ကိုစစတွေ့တုန်းက ငါ့ဘေးမှာထိုင်ပြီး မိသားစုလေးတစ်ခုရချင်တာက  နင့်ရဲ့အဖြစ်ချင်ဆုံးဆန္ဒဆိုတာလေ။ ဒါ့ကြောင့် မနက်ဖြန်သွားပါ မျှော်လင့်ထားသလိုဖြစ်မလာခဲ့ရင် ပြန်လာခဲ့ပါ ငါဒီနေရာမှာပဲ နင့်ကိုစောင့်နေပေးမယ်။

Maria ခေါင်းလေးကိုမတ်လိုက်ပြီး သူမကိုယ်ကို Sharrနဲ့မျက်နှာချင်းဆိုင်ဖြစ်သည်အထိ ဖြစ်အောင်ရွေ့လိုက်ပြီး Sharr ရဲ့ ကိုယ်လေးကိုဖက်လိုက်သည်။ Sharr ကလည်း သူမကိုပြန်ဖက်ထားသည်။ ဒီမိုးရာသီက အရင်ကလို အေးစက်မနေဘူး ...... ငါတို့တစ်ယောက်ယောက်နဲ့တစ်ယောက်ယောက် ဒီလိုမျိုးရှိနေကြလို့။

Maria - "နွေးလိုက်တာ ! .. မိုး! တကယ်လို့ နင်သာ မပါရင် မွေးစားခံရဖို့ မိသားစုရဖို့က ငါ့အတွက်အရေးမကြီးတော့ ဘူး......ငါ....  " (အသက်ရှူသံဖြေးဖြေးလေးက Sharr လည်တိုင်ကိုလာထိနေသည်။)

သူမကိုဖက်ကာ စကားပြောနေရင်း နွေးပြီးအိပ်ပျော်သွားသော Maria ကိုယ်လေးကို မိုးတစ်ယောက် ထိန်းကာ တင်းတင်းကျပ်ကျပ်ဖက်ထားလိုက်ရင်း...

Sharr - " စိတ်ချပါ ငါ့ကို ထားသွားဖို့ မင်းကိုငါခွင့်ပြုမှာမဟုတ်လို့။ မင်းသာ ငါ့ကိုသစ္စာဖောက်သွားရင် မေမေ့တုန်းကလို ငါထပ်ပြီးခွင့်လွှတ်နိုင်မယ်မထင်ဘူး။
☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️

Dear Maria,....Where stories live. Discover now