အာ ..ဒါငါ ရှင်သန်ရမယ့်ဘဝပဲဆိုပြီး ကြိုးစားရှင်သန်ကြည့်ရင်း ငါကပျောက်ဆုံးလာတာ

262 33 0
                                    

Joon - " ဟေး! Mari .... Maria!!!"

Trainee Room ထဲကမှာပဲ စိတ်နှစ်ထားပြီးနေ့ကောညကော အသည်းသန်တွေကြိုးစားနေတဲ့ Mariaကို သူ့အမေကစိတ်ပူလို့ ပိတ်ရက်တရက်လောက်ယူပြီး အိမ်ပြန်ခေါ်ခဲ့ဖို့ သူ့ကိုအကူညီတောင်းသောကြောင့် ညနေကတည်းက လာစောင့်နေခြင်းဖြစ်သည်။

Maria - " Joon? ..... ဒီအထိ ဘာကိစ္စနဲ့ ?"
Joon - " ပြီးခဲ့တဲ့တစ်ပတ်လုံး နင်အိမ်ပြန်မလာလို့ အန်တီ က ငါ့ကိုဖုန်းဆက်ပြီး နင့်ကို လာခေါ်ခိုင်းတာ ဘာတွေဖြစ်နေတာလည်း Maria ....? ထမင်းကော သေချာစားရဲ့လား ? နင်တော်တော်ပိန်သွားတာပဲ "

သူမနဖူးမှ စိုနေသော ချွေးတွေကို Joonက သူ့လက်ဖြင့်ဖယ်ရှားရင်းက သူမကိုစိုးရိမ်ကြောင်းပြောသောကြောင့် Maria အားယူကာပြုံးလိုက်ပြီး

Maria - " ရား! ငါက ဘယ်သူလည်း? စိတ်မပူစမ်းပါနဲ့ အေးဆေးပါ ဟားဟား!!"
Mariaက ဒီလိုပြုံးပြီး ပြောနေပေမယ့် အတွင်းမှာတော့ စိတ်ဆင်းရဲစရာတစ်ခုခုကို သူ့ကိုလား? ဒါမှမဟုတ် လူတိုင်းအပေါ်မှာများလား? မသိအောင် ကြိုးစားဖုံးကွယ်နေမှန်း တချိန်လုံးအရိပ်ကြည့်လာတဲ့သူအနေနဲ့ Joon ရိပ်မိသည်။

ထို့ကြောင့် Mariaလက်ကိုဆွဲကာ ခေါင်းမိုးထပ်တွင် အနားယူရန်အတွက် ပြင်ဆင်ပေးထားသော ပန်းခြံလေးဆီခေါ်လာခဲ့သည်။

Maria - " ဘယ်ကိုလည်း ?? Joon....! "

Dara တစ်ယောက် လေးလွှာက စီမံငှာနတွင် ကိစ္စတစ်ခုရှိလို့လာရင်း ထို့ရှေ့မှ လက်ဆွဲကာဖြတ်သွားသော Maria တို့နှစ်ဦးကိုလှမ်းတွေ့လိုက်သည်။

Dara - " Maria..?"
ဝန်ထမ်း - " ရှင်...?"
Dara - " အာ ... ဘာမှမဟုတ်ဘူး အင်း ဆက်ပြောရအောင် ဒီလအတွက် ပစ္စည်းစာရင်းတွေက ..........အင်း...."

အပေါ်ထပ်ပန်းခြံတွင် ရှိနေသော ခုံတန်လျားတစ်ခုပေါ်သို့ Mariaကို ထိုင်ခိုင်းလိုက်ပြီး

Joon - " coffee? အအေး?"

Maria - " ဒီအတိုင်း ရေပဲယူပေးပါ အသံက ထိခိုက်လို့မရလို့?"

Joon - " အိုကေ " ဟုဆိုပြီး Companyမှာ ဝန်ဆောင်မှုပေးထားသော အသင့်ထုတ်စက်များမှ ရေဘူးတစ်ဘူးသွားယူလိုက်သည်။ ထိုအချိန် Mariaက ထိုင်ခုံမှာထိုင်ရင်း ဖုန်းကိုကြည့်နေသည်ကို လှမ်းတွေ့နေရပြီး ရေဘူးရသောအခါ Joon သူယူလာသော ရေဘူးကိုMariaရဲ့ ပါးဆီကပ်လိုက်သည်။

Dear Maria,....Where stories live. Discover now