🚨🚨 မင်း ပိုသဘောကျလာသည်အထိ ဒီလိုမျိုးဘေးမှာရှိနေပေးမယ်

947 37 2
                                    

ခန္ဓာကိုယ်နှစ်ခုက ပူးကပ်ကာနေရုံသာမက MD ရဲ့ လျှာက သူမလည်ချောင်းထဲအထိ နက်ရှိုင်းစွာဝင်ရောက်နေသည့်အတွက် သူမတစ်ကိုယ်လုံးက ရေထဲမှာရှိနေသော်လည်း ပူလောင်နေသည်။ Marai အသက်ရှူလို့မရတော့သည်မို့ ....

Sharr - " ဘာလို့လည်း?"
Maria - " အ..အသက်ရှူ လို့ မရတော့ လို့ အာ့တာကြောင့်.

Sharr .... ခရမ်းချဉ်သီးလေးလို ရဲနေသော Maria မျက်နှာလေးက နှုတ်ခမ်းဖူးလေးကို ကိုင်လိုက်ပြီး

Sharr - "... Innocent လေး ဘယ်လိုလည်း အခုဆက်သွားလို့ရပြီလား?"

Maria - " ဆက်...ဆက်သွားမယ် ဆိုတာ..."

ရုတ်တရက် သူမကိုယ်ဟာ ရေချိုးဇလုံထဲကနေ လေပေါ်မြှောက်သွားအောင်ထိ ပွေ့ချီခံလိုက်ရသည်။
MD က သူမကိုယ်ကို ပွေ့ချီပြီး ကုတင်ပေါ်သို့  တင်လိုက်စဉ် Maria.., MDလက်မောင်းကို ကိုင်လိုက်ပြီး..... မဝံ့မရဲစကားဆိုလိုက်သည်။

Maria - " ဟို...အရင်ဆုံးရေခြောက်အောင် သုတ်ပြီး..မှ...အာ. M... MD မလုပ်ပါနဲ့ "

Sharr - " ကိုယ်သုတ်ပေးမယ် ဒီမှာအဝတ်တောင်ယူလာပြီးမလို့ မငြင်းနဲ့တော့ ထပ်ပြီးရှောင်ဖို့လည်းမကြိုးစားနဲ့တော့ ကိုယ့်..ကိုကြည့်ပါအုန်း "

သူမခြေထောက်ကနေ ပေါင်..ပြီးတော့ အပေါ်သို့တဖြေးဖြေးချင်း ပွတ်ဆွဲရင်း ရေသုတ်ပေးနေသော MD ကို Maria ကြည့်နေမိသည်။ ကြည့်နေရင်း .. ကြည့်နေရင်းကနေ Maria လက်နှစ်ဖက်ကို ဆန့်တန်းကာ MD ခန္ဓာကိုယ်ကို ဆွဲဖက်ထားလိုက်သည်။ MDက အလိုက်သင့်သူမကို ပြန်ဖက်ပေးထားသည် မို့ MDနဲ့ သူမ ခံစားချက်တူတယ်မလား?

Sharr - " ပိန်သွားတာပဲ အစားကိုဂရုစိုက်စားလို့ မှာသွားတဲ့ ကိုယ့်စကားကို နားမထောင်တာပဲ အပြစ်ပေးရမယ် ဟင်?"

Maria - " ----------"
💭 လာလိုက် သွားလိုက်။ နွေးထွေးသွားလိုက် ...အေးစက်သွားလိုက်နဲ့ ငါတို့နှစ်ယောက်ရဲ့ဒီထူးဆန်းတဲ့ဆက်ဆံရေးကြီးကို တကယ်သိချင်မိတယ်။ MD ရဲ့ ကိုယ်သင်းရနံ့နဲ့ ဒီနွေးထွေးမှုလေးများ ပျောက်ဆုံးသွားမလား? MD ရဲ့ အနမ်းတွေနဲ့ ဝေးသွားမလား? MD ခေါင်းထဲမှာဘာတွေ တွေးနေလည်းဆိုတာ ငါတကယ်မစဉ်းစားတတ်ဘူး ဒါပေမယ့် သေချာတာတခုကတော့ ငါ ! MD ကို အရမ်းသဘောကျတယ်"💭💭

Dear Maria,....Where stories live. Discover now