Chapter 6 - Hydrangea (Summer Beauty)

445 35 0
                                    

ကုန်းမြင့်လေးပေါ်မှာ ဆောက်ထားသော အနောက်တိုင်းစတိုင် စားသောက်ဆိုင်လေးတစ်ခု...နာမည်က "Hydrangea "
ဆိုင်လေးရဲ့နာမည်ကို ကြည့်ရင်း ပါးစပ်မှတိုးတိုးလေးရေရွတ်လိုက်မိသည်။

Sharr - " Summer Beauty..."

Dara - " ဟင်?"

Sharr - ".... ဟင့်အင်း ဘာမှအထွေထူးမဟုတ်ဘူး ဆက်သွား"

Dara သူမရှေ့မှ သွားနှင့်ပြီး အသင့်စောင့်နေသော Waiter ကောင်လေးဆီသို့ တစုံတခုကပ်ပြောလိုက်သည်။ ထိုကောင်လေးက သဘောပေါက်သွားဟန်ရှိပြီး သူမတို့ကို လိမ်ယှက်ထားသော သစ်သားလှေကားကနေတဆင့် အပေါ်ဆုံးထပ်မှာ ရှိနေသော တိတ်ဆိတ်အေးချမ်းနေသော စားပွဲဝိုင်းလေးဆီသို့ ခေါ်လာခဲ့သည်။

Sharr သူမထိုင်ရန် ခုံကိုဆွဲပေးသော Waiter လေးကို ခေါင်းညိမ့်ပြပြီး ထိုနေရာတွင်ထိုင်လိုက်သည်။ Dara က သူမဘေးမှာ ရပ်ရင်း
Dara - "ဒါဆို အောက်ထပ်ကနေပဲ စောင့်နေလိုက်ပါ့မယ်။

Sharr - "..Imm"

Dara ထွက်သွားပြီးတော့ သူမအတွက်လာချပေးထားသော ရေနွေးကြမ်းခွက်လေးကို လက်ဖြင့်ပွတ်သပ်နေရင်း အပြင်သို့ငေးကာကြည့်နေမိသည်။ တိုက်ခတ်နေသော လေများက သူမစိတ်တွေကို ခဏမျှကြည်လင်စေသည်။
💭 ဒီလို အေးချမ်းမှုမျိုး ဘယ်လောက်တောင်ကြာပြီလည်း မခံစားမိတာ?ဆိုင်နာမည်ကလည်း တိုက်တိုက်ဆိုင်ဆိုင် Hydrangeaတဲ့ 💭

ရုတ်တရက် သူမရှေ့သို့ Hydrangea ပန်းအပြာလေးတွေပွင့်နေတဲ့ ပန်းအိုးလေးတစ်အိုး ရောက်လာခဲ့သည်။ သူမ မော့ကာကြည့်လိုက်တော့ ....

Sharr - "...........တကယ်ကြီးလား????.."

Meili (မယ်လီ) - " Hello! မတွေ့တာကြာပြီနော်..."

Sharr ထိုသူကို တွေ့တွေ့ချင်းပင် ထိုင်ရာမှထကာ ထွက်သွားရန်ပြင်လိုက်စဉ် Meiliက သူမအနောက်ကနေ ဖက်လိုက်သည်။

Meili - " ..... တောင်းပန်ပါတယ်။ တကယ်စိတ်ရင်းနဲ့တောင်းပန်တာမလို့ ဒီလောက်ပဲ Meiliကို ရှောင်တာရပ်ပါတော့။ မမ ဒီလိုမျိုး Meiliကို မုန်းနေတာကို Meili အရမ်းမုန်းတာမလို့ တောင်းပန်ပါတယ်နော် နော်... နော်"

သူမခါးတွင် ရှိနေသော Meili လက်တွေကို ဖယ်ချလိုက်ပြီး အဝေးသို့အနည်းငယ်ခွာလိုက်သည်။

Dear Maria,....Where stories live. Discover now