💧💧ပုံပြင်လေးရဲ့ အဆုံးသတ်💧💧

508 28 2
                                    

သူမတို့နှစ်ယောက်ရဲ့ အိမ်သို့ပြန်ရောက်လာသည့်တိုင် Sharrက သူမလက်တွေကိုမလွှတ်သေးပဲ တစုံတခုကိုအသည်းသန်ရှာနေပြီးနောက် စိတ်မရှည်တော့ဟန်ဖြင့်

Sharr - " အား! အရေးထဲမှ ဒီဆေးသေတ္တာက ဘယ်ရောက်နေတာလည်း ?? မမ အရင်ဆုံး ရေခဲကပ်ထားရအောင်နော်။ ရေခဲက ယောင်နေတာကိုသက်သာစေတယ်လေ။ မမရေခဲကပ်ထားတုန်း Sharr အောက်ဆင်းပြီး ဆေးသွားဝယ်လိုက်မယ် နော် ...မမ.. ! မမ.."

သူမရဲ့ပါးမှ ဒဏ်ရာကိုကျစိုးရိမ်ပေးနေပြီး ကိုယ်ကိုတိုင်ကျ လက်ကသွေးတစက်စက်ကျသည်ကို မသိရော့သလား Sharrရယ် ........ Maria သူမပါးကိုစိုးရိမ်တကြီးရေခဲအိတ်ကပ်ပေးရန်လုပ်နေသော Sharrလက်နှစ်ဖက်ကို ငြင်သာစွာကိုင်လိုက်ပြီး

Maria - " ငါ့ကြောင့် နင့်ရဲ့လက်က ဒဏ်ရာရသွားရတယ်မလား? အရင်ဆုံး လက်ကိုသွေးတိတ်အောင်လုပ်ရအောင်နော် လာ ... "

Sharrကိုချော့ခေါ်လာပြီး ဆိုဖာပေါ်ထိုင်စေကာ စာအုပ်စင်အောက်ထပ်မှ ဆေးဘူးကိုဆွဲယူလိုက်သည်။

Sharr - " အာ ဆေးသေတ္တာက အာ့နားမှထားမိတာလား? ! "

Maria - " နာသွားလား ခဏနော် အသားထဲမှာမှန်စတွေကျန်နေသေးတယ် အရင်ဆုံးအနာကိုသန့်စင်ရမယ်။ ဒါမှမဟုတ် ဒီလိုမလုပ်ပဲ ဆေးရုံသွားကြမလား နည်းနည်းချုပ်ရမယ်ထင်တယ်"

Sharr သူမအနာကိုသန့်စင်ပေးနေသော Mariaကိုကျန်လက်တဖက်ဖြင့် ဖက်ကာသူမရင်ခွင်ထဲထည့်ထားလိုက်ပြီး

Sharr - " တောင်းပန်ပါတယ် ကိုယ်သေချာမစောင့်ရှောက်နိုင်ခဲ့လို့။ တောင်းပန်ပါတယ် အများကြီးလန့်သွားသေးလား?"

Maria, Sharrရင်ခွင်ထဲမှီရင်း ပြန်ဖက်ကာ ..

Dear Maria,....Where stories live. Discover now