မင်းက ငါ့ဘဝရဲ့ အကြီးမားဆုံးနဲ့ အလှပဆုံး အမှားတစ်ခု

294 33 2
                                    

Joon's ကားက သူမတို့ကွန်ဒိုရှေ့ရပ်လိုက်သည်နှင့် Mariaကားပေါ်မှ ချက်ချင်းဆင်းလိုက်သည်။ သူမနောက်မှ Joonက အမြန်ပြေးဆင်းလာသောအခါ

Maria - " Joon ကျေးဇူးတင်ပါတယ်။ တကယ်အားနာပေးမယ့် ဒီနေ့တစ်နေ့တော့ နားလည်ပေးပါ။ ဒီကနေစပြီးငါဘာသာပဲ တစ်ယောက်ထဲတတ်သွားလိုက်မယ် လိုက်ပို့ပေးလို့ကျေးဇူးပါ။"

Joon , Maria ခေါင်းလေးကို ပုတ်လိုက်ပြီး
Joon - " ရား အချင်းချင်းကို ကျေးဇူးတွေဘာတွေက ဘာလည်း? အေးပါ ငါနားလည်ပါတယ် ဒါဆို ငါပြန်ပြီနော် အေးဆေးနားလိုက်တော့ Fighting"

Maria - " အင်း Fighting bye bye"

အိမ်တံခါးဖွင့် ဖွင့်ချင်း မေမေက စောင့်ကြိုနေသည်။ မေမေ့ရင်ခွင်ထဲခေါင်းအပ်ကာ Maria ငိုချလိုက်မိသည်။
-----------------------------------------------------
Sharr သူမအလုပ်စားပွဲပေါ်တွင်ပဲ ခေါင်းလေးခဏမျှမှေးတင်ရင်း နောက်တစ်နေ့မိုးလင်းခဲ့ပြန်သည်။ ခန်းစီးကြားမှ လေတချက်တိုက်လိုက်တိုင်းမှာ မရဲတရဲပေါ်လာသည့် နေရောင်ခြည်လေးကို ငေးမောကြည့်နေရင်းက Maria အကြောင်းက မတွေးရပဲ ခေါင်းထဲရောက်လာခဲ့ပြန်သောကြောင့်

Sharr - " အာ... တကယ်ပါပဲ ခဏလေးအချိန်လေးအားလိုက်တာနဲ့........ မဖြစ်ဘူး လေ့ကျင့်ခန်းလေးလုပ်အုန်းမှ"

Maria 💭 MD အာ့ဒါကို သိလား? နေထိုင်လာရင်းနဲ့လေ ဘဝမှာ ပထမဆုံး MD ကိုမြင်လိုက်ရတုန်းက "အာ.သူပဲ လောကကြီးမှာပြည့်စုံတဲ့သူဆို ဒီလိုမိန်းကလေးမျိုးပဲ ငါသာ ယောကျာ်းလေးဆိုတကယ်ကို ဒီလိုလူမျိုးကို ပိုင်ဆိုင်ကြည့်ဘူးချင်လိုက်တာဆိုတဲ့ အတွေးမျိုးက အရင်ဝင်လာခဲ့တာ" ဟီး!!! ထူးဆန်းတယ်မလား? အာ့ဒါကြောင့် MDလည်း အရမ်းကြီးကိုယ့်ကိုယ်ကို တွန်းအားမပေးပါနဲ့.. ကိုယ့်အတွက်ကိုယ် စဉ်းစားပေးပြီး ပြီးသွားတဲ့နေ့ရက်တွေထက် နောင်လာမယ့်ရက်တွေက ပိုပြီးပျော်ဖို့ကောင်းနေရင် ကောင်းမှာပဲလို့တွေးမိတယ်။💭

Sharr , သူမကိုယ်က အပြေးစက်မှာ ပြေးနေသော်လည်း စိတ်ထဲမှာ Maria နဲ့ရှိစဉ်က ပြောခဲ့ကြဘူးသော တချို့သော စကားတွေက ပြန်ပြန်ပေါ်လာပြီး နှောက်ယှက်နေသည်။

Dear Maria,....Where stories live. Discover now