Chapter 7 (တစ်ပင်ထဲ ဒါပေမယ့် နွယ်)

410 39 0
                                    

Sharr သူမစာကြည့်ခန်းထဲဝင်ကာ Computer ရှေ့ထိုင်ရင်း သံစဉ်တွေတည်းဖြတ်ကြည့်နေမိသည်။ အချိန်မည်မျှကုန်သွားသည် မသိလိုက် ခါးအရမ်းညောင်းလာသည့်အတွက် အကြောဆန့်ရန် အနည်းငယ်လှုပ်ရှားဘိုက်သည်။ နာရီကို တချက်ကြည့်လိုက်မိတော့ ည 12:10
Meili ကို သူမစိတ်ထဲရုတ်တရက်သတိရသွားပြီး အပြင်ဘက်ကိုနားစွင့်လိုက်သည်။

တိတ်ဆိတ်နေသည်။ 💭Meili သူအိပ်နေပြီလား သူဘယ်မှာများအိပ်နေတာလည်း မသိဘူး အပြင်ထွက်ကြည့်အုန်းမှ💭

စာကြည့်ခန်းမှထွက်လာပြီး ဟိုဟိုဒီဒီကြည့်လိုက်သည်။ Meili ကို မတွေ့ ။ သူမအခန်းဆီသို့ သွားကာကြည့်လိုက်သောအခါ.... သူမကုတင်ပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော Meili ကိုတွေ့လိုက်ရသည်။ Sharr အခန်းတံခါးကို ပိတ်ကာ အခန်းအပြင်သို့ ပြန်ထွက်လာခဲ့သည်။

Sharr ဧည့်ခန်းထဲက Sofa ပေါ်တွင် လှဲလိုက်ရင်း...မျက်နှာကျက်က မီးဆိုင်းလေးများကိုစိုက်ကြည့်ကာ တိုးတိုးလေးတစ်ယောက်ထဲပြောနေမိသည်။

Sharr - "ကိုယ့်အပိုင်မဟုတ်တဲ့ တစ်စုံတစ်ယောက်ကို မျှော်ကြည့်နေရတာ ဘယ်လောက်နာကျင်ပြီးအထီးကျန်ရမှန်း မင်းသိလာလိမ့် Meili.. ဒါ့ကြောင့် မလိုအပ်တဲ့မျှော်လင့်ချက်တွေပေးပြီး မင်းကိုငါ့အနားမှာနေဖို့ခွင့်မပြုနိုင်ဘူး Meili .. မမတောင်းပန်ပါတယ်..."
.🌙🌙🌙🌙🌙🌤️🌤️🌤️☀️☀️☀️☀️☀️☀️☀️

Dara ခပ်သွက်သွက်လျှောက်လာမိသည်။ လက်ထဲက Lunch Box ဘူးကို အဖိတ်စင်မရှိအောင်လည်းဂရုစိုက်ရသေးသည်။ သူမ အလုပ်စားပွဲသို့မသွားသေးပဲ MD ရုံးခန်းထဲတန်းဝင်လိုက်သည်။

Dara - ".... Sharr ...ဘာလို့ အစောကြီး????"

Sharr - " Dara, အိမ်မှာ Meili ရောက်နေတယ် အာ့တာကြောင့် သူမနိုးခင် ကိုယ်အစောကြီးထလာခဲ့တာ"

Dara - " သူက ဘာလို့ ဥက္ကဋ္ဌကြီးကများ?"

Sharr - " ..ဒီလိုပဲဖြစ်သွားတယ် "

Dara - " ဒီမှာ ထမင်းဘူးပါ မနက်စာအဖြစ်စားလိုက်ပါ "

Sharr - " အင်း ..ဒါနဲ့ဒီနေ့အတွက် အစီစဉ်တွေကကော?"

Dara - " 9:15 မှာ Marketing Department Head တွေနဲ့ meeting သဘောမျိုးတွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။ ပြီးရင် 10:45 မှာ Sponsor Company တွေနဲ့ Final.Meeting ရှိပါတယ်။... ပြီးရင်...."

Dear Maria,....Where stories live. Discover now