🍭မင်း ငါ့ဆီပြန်လာဖို့ ငါလုပ်နိုင်သမျှတွေအကုန်လုပ်မှာပါ🍭

275 28 0
                                    

Sharr သူမအလုပ်စားပွဲတွင် တောက်လျှောက်ထိုင်ကာ အလုပ်တွေ အဆက်မပြတ်လုပ်ကာ တစုံတစ်ခုကိုမေ့ပျောက်ရန် ကြိုးစားနေလိုက်သည်။

ရုတ်တရက် သူမမှန်တံခါးဆီသို့ တစ်စုံတစ်ခုနဲ့လှမ်းပစ်ပေါက်သံကြောင့် စားပွဲမှထကာ တံခါးကိုဖွင့်ပြီး အပြင်လမ်းဆီကြည့်လိုက်သောအခါ ခြံစည်းရိုးအပြင်တွင် ခုန်ပေါက်ကာ သူမကိုလက်ပြနေသော ဝင်ဒီကိုတွေ့လိုက်ရသည်။ တံခါးနားမှာက ပစ်လိုက်သော ဘီယာပုလင်းခွံ သုံး လေးဘူးတွေ့လိုက်ရသည်။

Sharr - " ဘာလုပ်နေတာလည်း?"

ဝင်ဒီ - " ကျေးဇူးပြုပြီး Please!!!!"

ခြံတံခါးကို လက်ညှိုးထိုးပြကာ ဝင်ခွင့်တောင်းနေသော ဝင်ဒီကြည့်ရသည်မှာ ဒီနေ့အတွက် ဝင်ကိုဝင်ရမယ့်ဆိုသည့်ဆုံးဖြတ်ချက်နဲ့လာမှန်းသိသာနေတာရယ်/ ည 2:00 ကျော်နေချိန်ဖြစ်နေသည့်အတွက် ဘေးပတ်ဝန်းကျင်ကို အနှောက်ယှက်မဖြစ်စေချင်တာရယ် ကြောင့်နဲ့ Sharr သူမစိတ်ကိုလျော့ရင်း တံခါးသွားဖွင့်ကာ ဝင်ဒီကို သူမအိမ်အတွင်းသို့ဝင်စေလိုက်သည်။

Sharr - " တော်ရုံပဲ ကောင်းတယ် "

ဝင်ဒီ - " အိုကေ သိပါပြီ sorry ရပြီလား? ရေး!! အာ အိမ်ကြီးက ကောင်းလိုက်တာ ကျယ်လည်း ကျယ်တယ် ပြီးတော့ သန့်ပြီး မွှေးနေတာပဲ ..... နော်"

Sharr - " ဘယ်ကို လာ ရှုု နေတာလည်း ဖယ်စမ်းပါ။ ဒါနဲ့ ဘာကိစ္စရှိလို့လည်း?"

ဝင်ဒီ - " လွမ်းလို့ ကြည့်ပါအုန်းမတွေ့ရတဲ့ အတောတွင်း ပိုချောလာတာပဲ ဘယ်လိုကြည့်ကြည့်စိတ်တိုင်းကျတယ် အပြစ်ပြောစရာမတွေ့ဘူး လုံးဝ Perfect ဒါနဲ့ ဒီရေခဲသေတ္တာထဲက ဘီယာပုလင်းတွေက ယူသောက်လို့ရလား?"

အိမ်ထဲစရောက်လာကတည်းက စကားတွေတတွက်တွက်ပြောရင်း ဟိုနားသွားလိုက် ဒီနားသွားလိုက်နဲ့ လုပ်နေရာမှ အခု မီးဖိုခန်းထဲရောက်သွားပြီး ရေခဲသေတ္တာဖွင့်ကာ သူမပြန်ရောက်ခါစကမှ ဝယ်ထားသော ပုလင်းတွေကို ကိုင်ရင်းက မေးနေသော ဝင်ဒီကို Sharr တားလိုက်ပြီး

Sharr - " တော်လိုက်တော့နော် ဆက်ပြီး ငါ့ပစ္စည်းတွေ ဟိုကိုင်ဒီကိုင် လုပ်နေမယ်ဆို ချက်ချင်းနှင်ထုတ်လိုက်မှာ နားလည်လား?"

Dear Maria,....Where stories live. Discover now