အာ့နေ့ကတည်းက သေဆုံးသွားခဲ့မယ်ဆို Sharrလည်း ပျော်ရွှင်နိုင်မှာလား...မေမေ?

331 33 0
                                    

"တစ်ခေတ်တခါက ရွှေရောင်လွှမ်းခဲ့သော ဂန္တဝင်အဆိုတော် Seri ရဲ့ အောက်မေ့ဖွယ်အမှတ်တရ ပြပွဲနှင့်ဖျော်ဖြေပွဲ"

​ပြဇာတ်ရုံရှေ့တွင် ဆိုင်းဘုတ်အကြီးကြီးချိတ်ဆွဲထားကာ လမ်းတစ်လျှောက်တွင်လည်း Seri ရဲ့ အမှတ်တရပုံတွေထောင်ထားကြသည်။ Sharr ပြဇာတ်ခုံအမြင့်တစ်နေရာမှာ မတ်တပ်ရပ်ကာ ကြည့်နေရင်း ဘေးတွင်ထောင်ထားသော ဗီနိုင်းတစ်ခုမှ သူမ အမေ (Seri) ရဲ့ မျက်နှာကို ခပ်ဖွဖွထိလိုက်သည်။

Sharr - " အာ့မှာ ပျော်နေတယ်မလား?အိပ်မက်ထဲတောင်ပေါ်မလာဘူးနော်.." ရုတ်တရက် သူမအနောက်မှ ခြေသံကိုကြားလိုက်ရသည့်အတွက် Sharr လက်ကိုအနောက်ကိုအမြန်ပြန်ရုတ်လိုက်သည်။

Jacky - " ဒီနေ့ဇာတ်လိုက်က ဘယ်သူမှမရှိတဲ့ဒီလိုနေရာမှာဘာလုပ်နေတာလည်း?"

Jack (Jacky) ရဲ့စကားကို လျစ်လျူရှုကာ Sharr အပြင်သို့ထွက်ရန် ခြေလှမ်းလိုက်စဉ် သူမလက်မောင်းကို Jack ကလှမ်းဆွဲထားလိုက်သည်။

Jacky - " ကျေးဇူးပြုပြီး ငါ့ကို လျစ်လျူမရှုပါနဲ့ တောင်းဆိုတာပါ။ ဘာပဲဖြစ်ဖြစ် အဖိုးကို ဆန့်ကျင်ဖို့ဆို ငါအမြဲ နင့်ကို ထောက်ခံပေးနေမယ်ဆိုတာ မှတ်ထားပေးပါ။"

Sharr - " သိပြီမလို့ ငါ့လက်ကိုလွှတ်ပေးပါ့လား? ဟိုးမှာ Meili လာနေပြီ "

Meili - " မမ!!! မမ အမြန်လာခဲ့ ဖိုးဖိုးကြီးတို့ရောက်နေပြီ"

Sharr - " အင်း လာပြီ "
--------------------------------------------------------------
​Maria မေမေ့ကို ကူညီပြင်ဆင်ပေးနေရင်း .... မေမေ့ကုတင်ဘေးက ဓာတ်ပုံလေးကိုကြည့်လိုက်ပြီး

Maria - " မေမေတို့အတူရိုက်ထားတဲ့ အာ့ဓာတ်ပုံလေးထဲမှာ အန်တီ Seriက ကိုယ်ဝန်ကြီးနဲ့မလား? ကြင်ကြင်နာနာလေးပြုံးနေတဲ့အန်တီမျက်နှာက နွေးထွေးပြီးတော်တော်ချောတာ.. သူမွေးတဲ့ ကလေးလေးဆို ဘယ်လောက်တောင်ချောလိုက်မလည်း??"

Poe (Maria အမေ) - " အင်း ဒီပုံလေးက Seri နောက်ဆုံးချန်ခဲ့တဲ့အမှတ်တရပုံလေး၊ နောက်ပိုင်းမှာ Seriက ပြောင်းလဲသွားယါ။ငွေကြေးနဲ့အောင်မြင်မှုကိုမခံနိုင်ဘူးပဲပြောရမလား? မေမေတို့နဲ့လည်း သိပ်အဆက်သွယ်မရှိတော့ပဲ သူသေပြီဆိုတာကို သတင်းတွေကနေတဆင့်ကြားသိလိုက်ရတာ စိတ်တောင်မကောင်းဘူး"

Dear Maria,....Where stories live. Discover now