လျှောက်တဲ့လမ်းခြင်းတူမှ ပြန်ဆုံမယ်လို့ယူဆလို့မှ မရတာ✈️✈️

227 26 0
                                    

Sharr အလုပ်စားပွဲမှ ခဏထကာ ရေသွားသောက်နေတုန်းပဲရှိသေးတယ် ဖွင့်ထားသော လက်ပတော့ပ်သို့ call တစ်ခုဝင်လာသံကြားရသည့်အတွက်

Sharr - " ဒီအချိန်ကြီး ဘယ်သူက ? "

Jacky - " Hello Honey ! ဘာတွေလုပ်နေတာလည်း မဟုတ်မှ........တန်းမကိုင်ပုံထောက်ရင် ဒီနေ့ည ဘယ်သူနဲ့ရှိနေတာလည်း ပြပါအုန်း ပြပါအုန်း"

Sharr - " လူတိုင်းကို ကိုယ့်လိုမှတ်ပြီးလိုက်နှိုင်းမနေနဲ့ ဘာကိစ္စလည်း ပြော ငါမအားဘူး"

Jacky - " သွေးအေးသတ္တဝါကြီးပဲ နာကျင်သွားရပြီ "

ထိုစဉ်ဘေးမှ မိန်းကလေးသံတစ်ခုကိုကြားလိုက်ရသည့်အတွက် Sharr လှမ်းမေးလိုက်သည်။

Sharr - " ဘေးက Dara? "

Jacky - " Bingo ! ဒန့် တန် Say Hello!"

Sharr - " ဘယ်လိုဖြစ်တာလည်း ဒီနေ့ဘာလို့ နှစ်ယောက်က အတူတူ? "

Dara - " ဒီအတိုင်းသူက ဒီနေ့ Companyကို လာရင်း ငါနဲ့တွေ့တာ ငါက နင့်ကို ဖုန်းခေါ်စရာရှိတယ်ဆိုပြီး ပြောမိရင်းနဲ့ သူလည်း နင့်ကိုပြောစရာရှိတယ်တဲ့"

Sharr - " ဟုတ်လား ပြောပါအုန်း"

Jacky - " လာမယ့် Friday ကစပြီး Companyက World Tour စပြီလေ ဒီနှစ်က Japan လေ အာ့ဒါကြောင့် ငါတို့လည်းမတွေ့ရတာကြာတာမလို့ နင်အချိန်ဖယ်ပြီး ဂျပန်ကို Tourမပြီးခင် တရက်ရက်လောက် လာခဲ့ပါ့လား?"

Sharr - " ဟား! နင်တကယ်ရီရတယ် နင်နဲ့ငါက တယောက်နဲ့တယောက် မတွေ့တာကြာလို့ တွေ့ကြရအောင်လို့ပြောရမယ့် ဆက်ဆံရေးမျိုးရှိလို့လား? ငါမလာဘူး မအားဘူး ဒါပဲ "

Jacky - " ခဏ ! အဓိကပြောချင်တာက ငါ နင့်အတွက် အထူးလက်ဆောင်သယ်လာတယ် ဆိုတာပြောချင်တာ နော် Dara ဟုတ်တယ်ဟုတ် ?!"

Jacky စကားကြောင့် Sharr မှန်သားပြင်မှတဆင့် Dara မျက်နှာကိုသေချာကြည့်လိုက်သည်။ Dara က ခေါင်းကို ငြိမ့်ပြရင်း သက်ပြင်းချလိုက်ပုံရသည်မို့ Sharr စိတ်ဝင်စားသွားသည်မို့

Sharr - " ဘာလည်း?"

Dara - " ငါလည်း မသိတော့ဘူး ဒါပေမယ့် တခေါက်လောက်တော့ အချိန်ရရင် Japanကိုသွားလိုက်ပါ "

Dear Maria,....Where stories live. Discover now