ငါ့ကို ချစ်တယ်ပြောပါ... 🩸🩸

481 34 0
                                    

သူမကိုအနောက်ကနေသိုင်းကာဖက်ထားပြီး ကလေးတစ်ယောက်လိုချွဲနေသော Sharrကို လက်ဆေးရာနေရာရှိ သူမရှေ့မှ မှန်ကြီးကနေတဆင့်ကြည့်လိုက်ပြီး

Maria - " ကဲပါ ဟုတ်ပါပြီ နည်းနည်းလောက်ခွာပါအုန်း ဒါအများသုံး အိမ်သာမှာနော် သူများတွေဝင်လာလို့တွေ့သွားရင် ဘယ်လိုလုပ်မလည်း ဖယ်

Sharr - " ကိုယ်နဲ့နေပေးမှာလား?"

Maria - " .....အင်း..... မရလောက်ဘူးထင်တယ် မေမေက ဘယ်လိုပြောပြီး ??"

Sharr - " ကိုယ့်ကိုကြည့်! Mari ကိုယ့်ကိုကြည့်ပါအုန်း"

Maria - " အင်း..."

Sharr - " ဒီနေ့ကိုယ့်ကိုငြင်းတာ တကယ်ပဲ Maria မေမေကြောင့်လား? ဒါမှမဟုတ် Joon ဆိုတဲ့တစ်ယောက်ကြောင့်လား? "

Maria - " Joon နဲ့ Maria က MD ထင်နေသလိုမျိုးမဟုတ်သေးပါဘူး ဒီအတိုင်း..."

Sharr - " မဟုတ်သေးဘူးဆိုတော့ ဟုတ်လာနိုင်တယ်ဆိုတဲ့ အနေထားတော့ရှိတယ်ပေါ့ အာ့လိုလား??"

Maria - " ......."
📲 ဖုန်းမြည်သံ !!!!!!!!! (နှစ်ယောက်လုံး ဖုန်းများကပြိုင်တူမြည်လာသောကြောင့်.. )

Sharr - " အင်း Meili....ပြော အင်း ခဏနေလာခဲ့မယ် "

Maria - " Hello အင်း Joon လာနေပြီ အင်းအင်း လာပြီ"

Maria ဖုန်းကိုချလိုက်ပြီး ဘေးမှရပ်နေကာ သူမကိုစောင့်နေသော Sharrကိုကြည့်လိုက်ပြီး

Maria - " ဟို.. မေမေက Mari ကြာလို့စိတ်ပူနေတာ အာ့တာJoonက လှမ်းဆက်ပေးတာ သွားလိုက်အုန်းမယ်နော် "

Sharr - " အင်းပါ ..."

Maria နဲ့ Sharr သန့်စင်ခန်းမှ အတူတူထွက်လာကြပြီးနောက် Maria က ပွဲဆီသို့ သွားရန်ခြေလှမ်းလိုက်ပြီး Sharrကတော့ တခြားနေရာသို့သွားမည့်ဟန်ဖြင့် သူမနဲ့ဦးတည်ချက်မတူသော အခြားလမ်းဆီသို့ဦးတည်ထားသည်။နေရာသို့ပြန်ရောက်လာသော Joon ကိုမြင်လျှင် Poe (Maria Mom) လေသံတိုးတိုးဖြင့်

Poe - " Mariကော တွေ့ခဲ့လား?"

Joon - " ဟုတ်ကဲ့ အန်တီ တွေ့ခဲ့တယ် သူ့အသိတစ်ယောက်နဲ့စကားပြောနေတယ် နောက်ကနေလိုက်လာလိမ့်မယ်.. အာ!ဟိုမှာ လာနေပြီ ဒါနဲ့ အန်တီ ကျွန်တော်သူ့ကို သွားရှာတယ်ဆိုတာ သူ့ကိုမပြောပြလိုက်နဲ့နော် အန်တီ နော် ကျွန်တော်က သူ့အပေါ်ကလေးလို လိုက်စောင့်ရှောက်နေတာကို သူကသဘောမကျဘူး အန်တီရဲ့အာ့တာကြောင့်"

Dear Maria,....Where stories live. Discover now