ငါ သိတဲ့ နင်က ဝမ်းနည်းလွယ်ပြီးအငိုသန်တာမို့ ထားခဲ့ရဖို့ စိတ်ပူတယ် 💌💌

245 31 6
                                    

Sharr ကားပေါ်တွင် ထိုင်ကာ အတန်ကြာသည်အထိ ဘယ်ကိုသွားရမယ်မှန်းမသိ ...အဆုံးမှာတော့.
Sharr - " ကွန်ဒိုပဲ သွားရတော့မှာပဲ "
ကွန်ဒိုအခန်းရဲ့ မီးကို ဖွင့်ကာ အခန်းကို မျက်စိဖြင့်ဝေ့ကာကြည့်လိုက်သည်။ လူမနေတာကြာသော်လည်း Dara က နေ့တိုင်းလာသန့်ရှင်းရေးလုပ်ပုံရသောကြောင့် အခန်းက သပ်ရပ်ရှင်းလင်းနေသည်ဖြစ်လို့ Sharr သူမအခန်းသို့သွားကာ ကုတင်ပေါ်ပတ်လက်လှန်လှဲကာ မျက်နှာကြတ်ကိုသာစိုက်ကြည့်နေရင်းက

Sharr - " ငါလည်း ရိုးရိုးသာမန်မိသားစုမှာသာမွေးခဲ့ရင် အသက်ဝဝရှုပြီး ရယ်ရယ်မောမောနေနိုင်မယ်မလား? အာ့လိုအချိန်ရှိတယ်မလား ဘယ်လောက်ပဲ ကံဆိုးမှုတွေကိုရှောင်ဖို့ လုပ်လည်း ကမ္ဘာလောကကြီးတခုလုံးက ငါ့ကိုအဲ့ထဲရောက်အောင် တွန်းပို့နေသလိုမျိုးလေ... ကြာတော့ ကြောက်လာပြီ "

တစ်ယောက်ထဲ ကိုယ့်ဘာကိုယ်စကားတွေပြောရင် ဘေးသို့စောင်းကာ ခွေခွေလေးနေကာ မျက်လုံးကိုမှိတ်ထားလိုက်သည်။
🤎🤎🤎🤎🤎🤎🤎🤎🤎🤎🤎🤎🤎

PD ကြီး - " ကဲ အားလုံး ပင်ပန်းသွားကြပြီ နောက် Tour ကိုတော့ ကိုယ်တွေပဲ ဆက်သွားရမှာမလို့ ဂျူနီယာလေးတွေကတော့ အိမ်ပြန်လို့ရပါပြီ လေယာဉ်လက်မှတ်တွေကတော့ လေဆိပ်ရောက်မှ ပေးပါလိမ့်မယ်နော် ဒါ့ကြောင့် ဒီနေ့က နှုတ်ဆက်ပွဲလည်းဖြစ်သလို ပွဲအောင်အောင်မြင်မြင်ပြီးလို့ ဂုဏ်ပြုတဲ့ပွဲလည်းဖြစ်ပါတယ် စားကြ "

✈️✈️✈️✈️✈️✈️✈️✈️✈️✈️✈️

Dara - " Sharr အသင့်ဖြစ်ပြီလား သွားကြရအောင်"

Sharr - " အင်း "

Sharr ရာထူးလွှဲပြောင်းခြင်းနှင့် သတင်းစာရှင်းလင်းပွဲ အခမ်းနားစင်မြင့်ပေါ်သို့ Sharr တတ်လိုက်သည်နှင့် Camera မီးများက တဖျက်ဖျက်နဲ့ ရိုက်ကာ ပတ်ဝန်းကျင်က ငြိမ်သက်ကာ သူမအပေါ်သာအာရုံစိုက်ထားကြသည်။

Sharr စင်ပေါ်ရှိ ဥက္ကဋ္ဌကြီးဘေးကပ်ရပ်က သူမအတွက်နေရာတွင် ဝင်ကာ ထိုင်လိုက်ပြီး ပြုံးကာနှုတ်ဆက်လိုက်သောအခါ အောက်မှ လူများက လက်ခုပ်တီးကာကြိုဆိုကြသည်။

Sharr - " မဂ်လာပါ RJ Group ရဲ့ CEO အသစ်ပါ ဒီနေရာကိုယ် ကို ယုံယုံကြည်ကြည်လွှဲအပ်ပေးတဲ့ နာယယကြီးလည်းဖြစ် ဥက္ကဋ္ဌကြီးလည်းဖြစ်သော အဖိုးကိုလည်း စိတ်မပျက်စေရပါဘူး။ ဒါ့အပြင် ရှယ်ယာရှင်တွေနဲ့ ဝန်ထမ်းအားလုံးကိုလည်း စိတ်မပျက်စေရပဲ သေချာပေါက်ကြိုးစားသွားမှာမလို့ ယုံကြည်ပြီး လိုက်လာပေးကြပါ ကျေးဇူးတင်ပါတယ် "

Dear Maria,....Where stories live. Discover now