နေတတ်အောင်ထားခဲ့ပြီးမှ တခြားတစ်ယောက်လိုပြောင်းလဲသွားတာကို အပြစ်မမြင်ပါနဲ့ 📜

304 35 0
                                    

ဆေးရုံကနေ တုတ်ကောက်တစ်ချောင်းနဲ့ထွက်လာသော ဥက္ကဋ္ဌကြီးကို မြင်လျှင် အိမ်တော်ထိန်းကြီး အမြန်လျှောက်သွားကာ တွဲလိုက်သည်။

အိမ်တော်ထိန်း - " ဥက္ကဋ္ဌကြီး"

ဥက္ကဋ္ဌကြီး - " အေး ... ဒါနဲ့ မျက်နှာက ငါ့ကိုတခုခုပြောစရာရှိနေတယ် ထင်တယ် Company ကိစ္စလား?"

အိမ်တော်ထိန်း - " ကားပေါ် အရင်တတ်ရအောင်ပါ ဥက္ကဋ္ဌကြီး အပြင်မှာက မိုးရွာလာနိုင်လို့။ မမလေးကိစ္စပါ လမ်းမှာသွားရင်းပြောပြပါ့မယ် တတ်ပါ"

ဥက္ကဋ္ဌကြီး - " ကဲ ပြောတော့ "

အိမ်တော်ထိန်း - " မမလေး ဒီကိုပြန်ရောက်နေတယ် ထင်ပါတယ်"

ဥက္ကဋ္ဌကြီး - " ကိစ္စကြီးအဆင်ပြေအောင်လုပ်ပေးလို့ နည်းနည်းလေး လွှတ်ထားပေးတာကို ဒင်းက ... သူ့သဘောနဲ့သူပြန်လာတာပေါ့.. ကြာပြီလား အခုဘယ်မှာတဲ့လည်း?

အိမ်တော်ထိန်း - " ဒီနေ့မနက်အစောကြီးလေယာဉ်နဲ့ မြန်မာပြည်ကို ပြန်လာတာလို့ စုံစမ်းရပါတယ်။ အရင်နေခဲ့တဲ့ ကွန်ဒိုကိုတော့ ပြန်တဲ့အရိပ်ယောင်မတွေ့ရပါဘူး လေဆိပ်ကနေ တန်းပြီးတနေရာရာကိုသွားပုံရပါတယ် အာ့နေရာကိုတော့ စုံစမ်းနေဆဲပါ"

ဥက္ကကြီး - " ---------- အိမ်တော်ထိန်းကြီး ကျုပ်ဘေးမှာ နေလာတာ ဘယ်နှစ် နှစ်ရှိပြီလည်း?"

အိမ်တော်ထိန်း - " ကျွန်တော့်ကို အရင်ဆုံးသွားခဲ့တဲ့ ဥက္ကကြီးက ငယ်ငယ်ကတည်း ကျွေးမွေးစောင့်ရှောက်ပေးထားလို့ အခုဆို အနှစ် 50 ကျော်ပါပြီ "

ဥက္ကကြီး - " အေး အာ့လောက်နေလာပြီးတော့ အခုထိအလုပ်လုပ်ရင် မတိမကျနဲ့ မနက်အစောကြီးကတည်းက ပြန်ရောက်နေတဲ့ လူကို အခုနေ့လယ် ၂ နာရီအထိ မတွေ့ဘူးဆိုတော့ ....."

အိမ်တော်ထိန်း - " တောင်းပန်ပါတယ် အမြန်ဆုံးရှာပြီး ခေါ်ခဲ့ပါ့မယ် "

ဥက္ကဋ္ဌကြီး - " မခေါ်နဲ့... လွှတ်ထားလိုက်အုန်း အရမ်းလိမ္မာနာခံတတ်တဲ့ ငါ့မြေးကို ဘယ်အရာက ဖီဆန်စေတာလည်းဆိုတာ စောင့်ကြည့်ချင်သေးတယ်။ မုန်တိုင်းမလာခင်ဆို ရာသီဥတုက သာယာတတ်တယ်မလား?"

Dear Maria,....حيث تعيش القصص. اكتشف الآن