မလိုအပ်တော့ကြောင်းငြင်းဆန်နေခြင်းက လိုအပ်နေသေးလို့သာ ဖြစ်တယ်။

638 39 4
                                    

ဆိုဖာအောက် ကြမ်းပြင်တွင် ထိုင်နေသော Sharr ခေါင်းကို Mariaထိလိုက်စဉ် ရုတ်တရက် Sharrက မတ်တတ်ရပ်လိုက်ပြီး ကြမ်းပြင်ပေါ်မှာ ပွနေသော အင်္ကျီတွေထဲမှ သူ့ကုတ်အင်္ကျီတစ်ထည်ကောက်ယူကာ သူမကိုယ်ပေါ်ခြုံပေးလိုက်ပြီးနောက် ထိုနေရာမှ ထွက်သွားသည်။ တော်တော်ဝေးဝေးရောက်သွားမှ အနောက်လှည့်မကြည့်ပဲ ........

Sharr - " ဒီနေ့ ညတော့ ဒီမှာပဲ အိပ်လိုက်။မနက်စောစောမှမင်းရဲ့ Manager ကိုဆက်သွယ်ပြီးလာခေါ်ခိုင်းလိုက်မယ်။"

Sharr က သူ့အိပ်ခန်းထဲ သူဝင်သွားပြီးနောက် Maria ကတော့ ဧည့်ခန်းဆိုဖာပေါ်တွင် ကျန်နေခဲ့သည် ... ဘေးပတ်ဝန်းကျင်ကို မျက်စိဝေ့ကာကြည့်ရင်း ဒီအခန်းက သူမတို့ အတူနေခဲ့စဉ်က အတိုင်း သိပ်မပြောင်းလဲသေး သို့သော်လည်း .. အရာရာက ပုံမှန်ထက် တိတ်ဆိတ်လွန်းနေသည်ဟု Maria ခံစားနေရသည်။ ထို့ကြောင့် နာကျင်နေသော ကိုယ်ကိုဖြေးဖြေးချင်း အားယူထကာ Sharrအခန်းဆီလျှောက်သွားကာ ကုတင်ပေါ် တတ် လိုက်ပြီး Sharr ဘေးမှာ ဝင်အိပ်လိုက်သည်။

သူမကျောကို မျက်နှာကပ်ပြီးနောက် ချက်ချင်းအိပ်ပျော်သွားဟန်တူသော Maria ကို Sharr ဖြေးဖြေးချင်းလှည့်ကာ ကြည့်လိုက်သည်။

Sharr 💭တကယ့်ကို လုပ်ချင်တိုင်းလုပ်တတ်တာကတော့ မပြောင်းလဲဘူးပဲ💭💭
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

Sharr မနက်ပိုင်း Company ရဲ့ Department တွေကို လိုက်စစ်နေစဉ် သူမဘေးမှ တချိန်လုံး သူမကိုစိုက်ကြည့်ခံနေရသည့် ခံစားချက်ကြောင့်
Sharr - " တော်ရုံပဲ ကြည့်ပါတော့ ငါ့ကိုမမြင်ဘူးလို့လား ?"

Dara - " အာ... sorry !"

ထိုစဉ် ရုတ်တရက် သူမတို့အနောက်ဘက်မှ .

Maria - " Sharr မနက်က ..."

Sharr - " ရင်းနှီးချင်ယောင်မဆောင်ပါနဲ့ မင်းနဲ့ အလုပ်လုပ်ရမယ့် ငှာနက ကြော်ငြာငှာနဖြစ်လို့ အာ့ကိုပဲ သွားပါ။ ...

​ပြောပြီး Sharr က ချာခနဲလှည့်ထွက်သွားသောကြောင့် Dara လည်း အမြန်နှုတ်ဆက်ကာလိုက်သွားရသည်။

ဓါတ်ပုံဆရာ - " နည်းနည်းလေး အကြည့်တွေမှာ အားထည့် .. ဒီဘက် နည်းနည်းလှည့် မဟုတ်သေးဘူးလေ လုံးဝမပြုံးနဲ့တော့ မဟုတ်ဘူးလေ ... ဟူး..

Dear Maria,....Where stories live. Discover now