စွဲလမ်းမှုကနေ အချစ်ဆိုတဲ့အဆင့်ကိုကျော်ပြီး ငါနင့်ကိုမုန်းတယ်🖤🖤

291 34 0
                                    

Maria တစ်ယောက် ၂၄ နာရီဖွင့်သော ဆိုင်လေးထဲတွင် ဝယ်ထားသောမုန့်ထုပ်လေးကိုကိုင်လျက်သား ရပ်ရင်း အပြင်သို့ ငေးကာကြည့်နေမိသည်။ ပုံမှန် ညတွေမှာ ကြည်လင်နေသော မှန်ပြတင်းကို ရုတ်တရက် ရွာချလိုက်သော ညမိုးစက်တွေက နေရာယူကာ တလိမ့်လိမ့်စီးကျနေပုံက မိုးသီးလိုက်ကာလေးတွေနှယ်.....

ထိုမိုးရေစက်လေးတွေကို Maria ငေးကာကြည့်နေရင်း တချိန်က ဒီလိုမိုးရွာတဲ့ ညတွေဆို သူရင်ခွင်ထဲခိုကပ်နေဘူးတဲ့ ကောင်မလေးတစ်ယောက်အကြောင်းသတိရလိုက်မိသည်မို့ ဆိုင်ထဲက ရေခဲသေတ္တာဆီသွားကာ ရေခဲချောင်းတစ်ချောင်းကို ကောက်ယူလိုက်သည်။ သို့သော် သူမယူထားသော ထိုရေခဲချောင်းကို အခြားတစ်ယောက်က ဆွဲယူလိုက်သည်...

Maria - " ...... MD.!!??"

.... တဆက်တည်းမှာ MD က ရေခဲသေတ္တာထဲမှ အခြားရေခဲချောင်းတစ်ချောင်းကို သူဘာသာရွေးယူပြီး သူမဆီလှမ်းပေးကာ

Sharr - " ရော့.. ဒါယူ!"

Maria - " ပဲ ရေခဲချောင်း? ဘယ်လိုလုပ် ??"

ဟိုးအရင်ကတည်းက သူမအကြောင်းကောင်းကောင်းသိလာတဲ့ လူမှသာ သူမက ကောက်ညင်းရေခဲချောင်းသာ အမြဲစားတတ်ပေမယ့် ပဲရေခဲချောင်းကသာ သူမအကြိုက်ဆုံးဟု သိနိုင်မည်ဖြစ်သည်။ ဒါကို သိတာမကြာသေးတဲ့ MDက ???

Sharr - " woww ဒီအကြည့်က ဘာလည်း..အံ့ဩသွားတာလား?

Maria - " ဘယ်လိုလုပ်ပြီး? "

Sharr - " ဒီလိုပါပဲ လုပ်ရမယ့်ကိစ္စလေးတွေကပြီးသွားတာရယ် ၊ မိုးကလည်းရွာနေတာရယ်နဲ့ မင်းကိုတွေ့ချင်လာလို့ "

သူမမျက်နှာအနားသို့ ငုံ့လာပြီးပြောလိုက်တဲ့ MD စကားကြောင့် Maria မျက်နှာလေးက ပူလာသည့် အတွက် MDကိုရှောင်ကာ ငွေရှင်းရန် ကောင်တာဆီထွက်လာခဲ့သည်။

ကောင်တာမှ အရောင်းစာရေးကောင်လေးက - " စုစုပေါင်း ၄၃၀၀ (ကျပ်) ပါခင်ဗျ"

Maria ကျသင့်ငွေရှင်းပေးလိုက်ပြီး ဆိုင်ပြင်တွင်ရပ်ကာ သူမကိုစောင့်နေသော MD ဆီလျှောက်သွားကာ

Maria - " MD ! "

Sharr - " Company မှာလည်းမဟုတ်ပဲနဲ့ ဆက်တိုက် MD ! MD ဆိုပြီး လူကြားထဲခေါ်မလို့လား?"

Dear Maria,....Wo Geschichten leben. Entdecke jetzt