အဆုံးမှာ လမ်းခွဲခြင်းကသာအဖြေဖြစ်နေလောက်အထိ ငါချစ်ခဲ့တာမလို့

250 29 9
                                    

ထမင်းစားပွဲဝိုင်းအရှည်ကြီးတစ်ခုကို ခြံထဲမှာချကာ ညစာအတွက် ပြင်ဆင်ပြီးကာ အားလုံးအဆင့်သင့်ဖြစ်နေပြီဖြစ်လို့ Sharr အဖိုးအခန်းဆီသွားကာ

Sharr - " ဥက္ကဋ္ဌကြီး ညစာအတွက်ခင်းကျင်းပြီးပါပြီ"

ဥက္ကဋ္ဌကြီး - " အင်း သွားကြရအောင် အဖေကော "

Sharr - " အဖေက အောက်ထပ်ကစောင့်နေပါတယ် အန်တီလေးတို့ကောပဲ "

ဥက္ကဋ္ဌကြီး - " ဝင်ဒီလေးကော "

Sharr - " ရောက်နေမှာပါ "

ဥက္ကဋ္ဌကြီး - " မထင်ရပေမယ့် သူက မြေးအပေါ်  ဒီလို ထောက်ပံ့ပေးနိုင်ပြီး တကယ်ချစ်ပေးနိုင်တဲ့ လူမျိုးပဲ
သူ့အဖေနဲ့သာ ရှုပ်ထွေးတဲ့ဆက်ဆံရေးမရှိခင်ရင် သူနဲ့သဘောတူမိမှာ "

Sharr - " ထိပ်ဆုံးရောက်ဖို့ဆို အနှောင်အဖွဲ့ကင်းမှဆိုပြီး ဥက္ကဋ္ဌကြီးသွန်သင်ခဲ့ဖူးတာမလို့ ရေရှည်ဆက်ဆံရေးတစ်ခုရှိလာဖို့တွေးမထားပါဘူး"

ထမင်းစားပွဲသို့ ဥက္ကဋ္ဌကြီးရောက်ကာ ထိပ်ဆုံးခုံတွင် ထိုင်ပြီးသောအခါ ကျန်လူများအစဉ်လိုက်ထိုင်ကာ စားရန်ပြင်နေကြစဉ်

အန်တီလေး - " အယ် ခဏ အိမ်တော်ထိန်းကြီးကော ဧည့်သည်သွားကြိုခိုင်းတာ မရောက်သေးဘူးလား?"

ဘေးမှဝန်ထမ်း - " လာနေပြီလို့ သတင်းပို့ပါတယ် ဒါရိုက်တာကြီး "

CEO ( Sharr အဖေ) - " ဝင်ဒီ လား ? "

အန်တီလေး - " ဝင်ဒီ + ၁ ပေါ့ "

Jacky - " + ၁ ဘယ်သူပါ ..... Mari? မင်းက ဒီကို ဘယ်လိုလုပ် "

Sharr စားနေရင်း မသိမသာစောင်းကာ ကြည့်လိုက်သည်။ ဝင်ဒီနဲ့အတူ Maria ပါလာခဲ့သည့်အတွက် သူမအဖိုးဖက်လှည့်ကာကြည့်လိုက်သည်။ အဖိုးက ပန်းကန်ကိုသာ ကြည့်ကာ စားလျက်စကိုဆက်စားရင်းကနေမှ Sharr ကို

ဥက္ကဋ္ဌကြီး - " ဝင်ဒီကျေနပ်အောင် နေပေးလိုက် Sharr "

Sharr - " ကြိုမပြောပဲ ဒါက ဘာလုပ်တာလည်း ?"

ဥက္ကဋ္ဌကြီး - " ထပြီး ဝင်ဒီကို ဘေးမှာထိုင်ဖို့ ခုံဆွဲပေးလိုက် ။ "

Sharr အံ့ကိုကြိတ်ထားပြီး အဖိုးပြောသလို ဝင်ဒီလက်ကိုဆွဲကာ သူမဘေးခုံတွင် ဆွဲကာ ထိုင်ခိုင်းလိုက်ပြီးနောက် Maria အတွက် နေရာပေးရန် လုပ်စဉ် ရုတ်တရက်သုမလက်ကို ဝင်ဒီက ဆွဲထားကာ

Dear Maria,....Where stories live. Discover now