ဘယ်လိုလုပ်ပြီး လွယ်လွယ်မေ့နိုင်ပါ့မလည်း ? 💔

268 28 2
                                    

Sharr အမေ့အိမ်ရှေ့ဟု သူမသိထားသော ထိုအိမ်လေးရှေ့ရပ်ကာ တံခါးလက်ကိုင်ကိုတွန်းဖွင့်သေးပဲ အကြာကြီးရပ်ကာတွေဝေနေမိတယ်။ ထိုစဉ် ရုတ်တရက် အထဲမှ သူမအဖေနဲ့ အတူ ဆံပင်လေးကို ကျစ်ဆံမြီးလေးကပိုကရိုစီးထားပြီး လှပသော အမျိုးသမီးတစ်ဦး ထွက်လာကာ သူမကိုမြင်လျှင် အဖေက

CEO - " ရောက်ပြီလား "

Sharr - " ဟုတ်ကဲ့ "

ပိုး - " Sharr သမီး မေမေပါ မှတ်မိလား ?"

ထိုအမျိုးသမီးက သူမကိုယ်သူမ အမေဟုဆိုကာ Sharrကိုဖက်ရန် လက်တွေဆန့်ကာ Sharrအသားကို လာထိချိန်တွင် ဘာရယ်မဟုတ်ပေမယ့် Sharr ရှောင်လိုက်မိသည့်မို့ ထိုအမျိုးသမီးက လက်ကိုပြန်ရုတ်ပြီး

ပိုး - " မေမေကို မမှတ်မိဘူးထင်တယ် သမီးက ကြည့်ကောင်းပြီး အရမ်းကိုချောလာတာပဲ အရပ်ကလည်း အရှည်ကြီး "

Sharr - " တောင်းပန်ပါတယ် တမင်ရှောင်လိုက်တာမဟုတ်ပေမယ့် ရုတ်တရက်ဆိုတော့ "

CEO - " Sharr အဖေတို့ဒီနေ့တော့ ဒီလောက်နဲ့ပဲပြန်ရအောင်နော် သူကရုတ်တရက်သွားစရာပေါ်လာလို့ နောက်နေ့မှပဲ "

Sharr - " ရှင် ! ဒီကိစ္စထက် အရေးကြီးတာလား ?"

ပိုး - " တောင်းပန်ပါတယ် နောက်တခါကျ မေမေ သမီးကို အချိန်အပြည့်ယူပြီး ချက်ပြုတ်ကျွေးပြီး စကားတွေပြောကြမယ်လေနော် ....အခုတော့ မေမေ "

Sharrစိတ်ဆိုးသည်တော့မဟုတ် စိတ်ဆိုးခွင့်ကော သူမမှာမရှိ သို့သော် ငယ်ငယ်ကတည်းက ကွဲသွားတဲ့ သမီးထက် ဘာတွေကများ အရေးကြီးနေသလည်း ထိုစိတ်နဲ့ တလမ်းလုံးငြိမ်သက်စွာကားကိုမောင်းလာရင်း ရုတ်တရက် အတွေးတစ်ခုကြောင့် ကားကိုနောက်သို့ပြန်လှည့်ကာ ထိုနေရာဆီပြန်လာခဲ့သည်။

သူမရောက်သွားချိန်တွင် အမေက အိမ်တံခါးမှာ ရပ်ကာ လူတစ်ယောက်နဲ့စကားပြောနေသည်ကို တွေ့လိုက်ရသည့်အတွက် ထိုအနီးနားသို့ သူမလျှောက်သွားလိုက်ပြီး

Sharr - " ဆရာဝန် ခေါ်တာ ? အမေဘယ်နားက နေမကောင်းဖြစ်နေလို့လည်း "

ဆရာဝန် - " ဘယ်သူများလည်း ?"

ပိုး - " ရပါပြီ ဒေါက်တာ ပြန်လိုက်ပါတော့။ နောက်တခုခုဆို ဆက်သွယ်လိုက်ပါ့မယ်။ ......"

Dear Maria,....Where stories live. Discover now