ငါမပြောပဲ ငါဘယ်သူဆိုတာ သူမှတ်မိလာစေဖို့🖤🖤🖤

295 30 0
                                    

Sharr - " လူတွေအများကြီး စုပြီး ဘာလုပ်နေကြတာလည်း ဟင်?
သူမအမေးကို ဘယ်သူမှပြန်မဖြေရဲကြ။ ထို့ကြောင့် သူမရှေ့က သူမဦးလေး Managerကို ပြန်ကြည့်လိုက်ပြီး

Sharr - " ဦးလေး! ဦးလေးကပဲ ပြောပြလို့ရမလား?"

Uncle (Manager) - "အာ...! ဒါ..ဒါက ဟို အရင်ကတည်းက လုပ်နေကြလေ နှစ်ကုန်အစည်းဝေးကြီးကျင်းပရင်လေ အာ့ပွဲမှာ VIP တွေနဲ့ ရှယ်ယာရှင်တွေကို ဧည့်..ဧည့်ခံ ဖို့ စိတ်ချပါ ဦးလေးပဲအမြဲစီစဉ်လာတာ အခုလည်းဦးလေးပဲ ကြည့်လုပ်လိုက်မယ်။"

Sharr - "အော်.... "

Maria 💭ဧည့်ခံပွဲမှာဧည့်ခံရမှာ ?ဘာလို့ ငါတို့လည်း.💭

Manager လည်းဖြစ် ဦးလေးလည်းဖြစ်နေသည်မို့ သူစီစဉ်တာကို Sharrနောက်ဆုတ်ပေးမယ်ဟု တွက်ထားသည်။ အကယ်ရျ် Sharr သာ သူနဲ့ညှိလျှင်  သူ့မိန်းမနဲ့ပါ ညှိလာနိုင်သည့်အတွက် Sharrလို သူ့အကျိုးမရှိလျှင် ဘာသိဘာသာနေတတ်သူက ကဒီဘာမဟုတ်တဲ့ trainee တွေခေါ်သုံးတဲ့ အသေးမွှားမျိုးကို လက်ရှောင်လိုက်တာက Sharrအတွက် အကောင်းဆုံးမလား?? 
Sharrမျက်နှာကို အကဲခတ်သလို့ ကြည့်လိုက်ရင်း Managerတွေးသည်က

💭 အော်? ဒါဆို ငါလုပ်တာ သူလက်ခံတဲ့သဘောမလား ဒါဆို ငါသူ့ကိုပြုံးပြလိုက်မယ်....မယ် 💭💭
Manager ကြီး အတွေးပင်မဆုံးလိုက် ..Sharrသည် အနီးမှ ခုံတစ်လုံးကိုဆွဲယူကာ ခြေချိတ်ကာထိုင်လိုက်ရင်း သူ့ကို လက်ခုပ်တီးကာ ချီးကျူးတာခံလိုက်ရသည်။

Sharr - " Woww ဦးလေးက တော်လိုက်တာ ဒါဆို ဒါမျိုးဧည့်ခံတာ သူတို့က သဘောကျတယ်ပေါ့ မသိလိုက်ဘူး Sharrက တကယ် တကယ် ဦးလေးက တကယ့်ကို Proပဲ။

Uncle (Manager) - " ဒါပေါ့ ဒါပေါ့ စိတ်ချလိုက်ပါ ဦးလေးကို ... တူမလေးက တခြားဘက်မှာ အာရုံပို... စိုက်...လို့.....ရ....ရ ဟင်?"

သူ့ကို မူကြိုကလေးလို မြှောက်ပင့်ကာ ချီးကျူးနေသော Sharr စကားတွေကို မပြုံးချင်ပြုံးချင် ပြုံးရင် ပြန်စကားပြောလိုက်သော်လည်း ရုတ်တရက် သူ့အတွင်းရေးမှူး Dara ဘက်လှည့်ကာ ပြောလိုက်သော Sharr စကားကြောင့် Manager ကြီး ကြောင်ကာ အမြန်တားလိုက်ရသည်။

Sharr သူမအတွင်းရေးမှူး Dara ဘက်လှည့်ပြောလိုက်သည်က .......

Sharr - " Dara ! Finance ငှာန ဆီ ဖုန်းဆက်ပေး ..ဒီနှစ်ကုန် ဆိုင်ရာဆိုင်ရာ မြှုပ်နှံသူတွေဆီ ခွဲပေးရမယ့် ရှယ်ယာငွေတွေ/ အမြတ်ငွေတွေကို သူတို့သဘောကျမှု/ မကျမှုနဲ့တိုင်းပြီးမှ ခွဲပေးရမယ်လို့။ ဝါး!! ဦးလေး ! ဒီအစီစဉ်က တကယ်အဆင်ပြေတာပဲ ဟုတ်တယ်မလား?"

Dear Maria,....Where stories live. Discover now