Special Chapter 1

373 28 0
                                    


Dara ရုံးသို့ရောက်ပြီးနောက် သူမရုံးခန်းသို့ဝင်ကာအပေါ်ကုတ်အနွေးထည်ကိုချွတ်လိုက်သည်။ ထို့နောက် စားပွဲပေါ်မှ ဖိုင်အချို့ကိုယူကာ Sharrမလာခင် Sharrရဲ့ ရုံးစားပွဲပေါ်အသင့်သွားတင်ထားပေးရန် Sharrရုံးခန်းဆီလာခဲ့သည်။ တံခါးကိုဖွင့်ဖွင့်ချင်း.....ဧည့်ဆက်တီဆိုဖာရှည်ကြီးပေါ်တွင် နဖူးပေါ်လက်တင်ကာအိပ်နေသော Sharrကို မြင်လိုက်ရသည့်အခါ အနားသွားကာ

Dara - " Sharr! ညလုံးပေါက် နေပြန်ပြီလား? နင်ဒီလိုသာ ဆက်လုပ်နေမယ်ဆိုရင်....ရင် ..... Ticket? ဒီ Ticketက ဟိုနေ့က Maria နာမည်နဲ့ရောက်လာတဲ့ ဟာမလား တကယ်မသွားဘူးပေါ့?

Sharr လှဲနေရာမှ ထလာကာ သူမလက်ထဲမှ ထိုလက်မှတ်ကို ဆွဲယူဆုတ်ခြေလိုက်ပြီး အမှိုက်ပုံးထဲပစ်လိုက်သည်။

Dara - " ဘာလို့ ကိုယ့်ကိုယ်ကို နှိပ်စက်နေတာလည်း Sharrရယ်။ တွေ့ချင်နေရင် သွားတွေ့လိုက်ပါ အနည်းဆုံးတော့..

Sharr - " ၂ နှစ် Dara.. ၂နှစ် ဒီအတောတွင်း သူ့ဆီကနေဘာစာ, ဘာသတင်းမှမလာခဲ့ဘူး။ သူဆက်လာမလား အထင်နဲ့ ငါဖုန်းကို အမြဲဖွင့်ထားခဲ့တာ။တအခုမှ ရုတ်တရက်ကြီး စာတစ်စောင်နဲ့ သူ့ပွဲကိုလာခဲ့ပါဆိုတော့ ငါက ဘာလည်း Dara။ သူနဲ့ငါကကော ဘာတွေလည်း ရည်းစားလား? ဒါမှမဟုတ် အတိတ်က ပတ်သတ်ခဲ့ဘူးသူတွေလား?

Dara - " နင် တကယ်အဆင်ပြေမှာလား?"

Sharr - " ဟင့်အင် ! အဆင်မပြေဘူး ဒီထဲက ဒီရင်ဘတ်ထဲက မွန်းကြပ်လွန်းလို့ သေတော့မလို့ပဲ။ ဒါပေမယ့်လည်း ဒါက ငါ့ရဲ့ကံကြမ္မာပဲထင်ပါရဲ့ အမြဲတစ်ယောက်ထဲပဲ။

Dara - " ငါ...ငါ .... နင့်ကို ဘယ်လိုနှစ်သိမ့်ရမလည်း Sharrရာ!!!! အာ့အစား ငိုချလိုက်ပါ့လား ဒါမှမဟုတ် နင့်အာဏာတွေ ငွေတွေနဲ့ နင့်စိတ်အတိုင်းပေါက်ကွဲလိုက်ပါ့လား!!!"

Sharr - " သူ့ကို နာကျင်စေမိရင် ငါပဲထပ်ခံစားရမှာမလို့ အခုလိုလေးပဲ နေတာက ငါတို့အတွက် အကောင်းဆုံးပါပဲဟာ။ "

ည 9:00 🕘 Dara စားပွဲပေါ်မှ ပစ္စည်းတွေရှင်းလိုက်ပြီး မပြန်ခင် Sharrရုံးခန်းဆီဝင်ကြည့်လိုက်သည်။
တံခါးခေါက်သံ >>> ဒေါက်! ဒေါက် !

Dear Maria,....Where stories live. Discover now