မင်းက ငါနဲ့ပဲ သက်ဆိုင်တယ်။🚫🚫🚫

816 34 4
                                    

သူမလှဲချလိုက်သည့်အတိုင်း ကုတင်ပေါ်ပေါ့ပါးစွာလဲကျသွားသော Maria ကိုယ်လေး ပြန်ထမလာစေဖို့အတွက် Sharrသူမခန္ဓာကိုယ်ဖြင့် အပေါ်မှအုပ်မိုးကာ ဟန့်တားလိုက်သည်။

Maria ပုံစံက သူမလက်/ခန္ဓာကိုယ်ဟာ တပြိုင်တည်းဖမ်းချုပ်ခံထားလိုက်ရသည့်အတွက် ရုတ်တရက်လန့်သွားပုံရသည်။ ထို့ကြောင့် သူမကိုယ်ပေါ်က Sharr ကိုယ်ကို သူမရဲ့ကျန်လက်တစ်ဖက်ဖြင့်တွန်းကာထားပြီး တုန်ရင်နေသော အသံလေးဖြင့်...

Maria - " ... ဖယ်...ဖယ်ပေးပါ ..."

ဟုလေသံလေးဖြင့်တောင်းဆိုနေသောMaria မျက်နှာလေးကို Sharr ညင်သာစွာထိတွေ့ပွတ်သပ်ကြည့်လိုက်သည်။ တဖြေးဖြေး နဲ့ တိုးသွားရင်း ကုတင်ဘေးက မီးအိမ်ဆီ လက်လှမ်းကာ မီးအရောင်လျော့ချလိုက်သည်။

Sharr - " ပါးလေးတွေက နူးညံပြီးနွေးထွေးနေတုန်းပဲ။ Mari မင်းသိလား? မင်းက တကယ်ကို ကိုယ့်မျက်လုံးထဲမှာ ချစ်ဖို့အကောင်းဆုံးပဲ ......."

Maria တွန်းဖယ်မှုရပ်သွားပြီး သူမပါးတွေကို ပွတ်သပ်နေသော Sharr ရဲ့ လက်ပေါ် လိုက်ပါစီးမြောသွားသည်။ ထို လက်ဖဝါးပေါ် သူမပါးကိုထိတွေ့ပွတ်သပ်ရင်း တခါတခါ သူမနှာခေါင်းနားဖြတ်သွားချိန်တွင် ရလိုက်သော ရနံ့လေးက လူကိုပိုပြီး စွဲလမ်းလာအောင်လုပ်နေသလိုခံစားလာရသည်။

Sharr - " မင်းက တကယ်ကို ကလေးလေး လိုပဲ မင်းရဲ့ဒီတောက်ပနေတဲ့အသားရည် ပြီးတော့ ဒီ စတော်ဘယ်ရီနဲ့ချယ်ရီသီးရောထားသလို နှုတ်ခမ်း နီနီရဲရဲဖူးဖူးလေးတွေကကိုယ့်ကို ပိုထိချင်လာအောင်လုပ်နေတယ် Maria ....ဟင်?"

ခုနကအထိ Sharrကိုတွန်းဖယ်ထားသော Mariaလက်ဟာ Sharr ရဲ့ နားလေးကို သွားထိလိုက်ပြီးနောက် ထိုနားလေးမှတဆင့် လည်ကုပ်တစ်ဝိုက်ဆီ ဖြေးဖြေးချင်းဆွဲကာ ဆင်းသွားသည်။ သူမလည်ကုပ်တစ်ဝိုက် ရွေ့နေသော Maria လက်တွေကို Sharrဆွဲယူကာ သူမချုပ်ထားသော Mariaရဲ့ကျန်လက်တစ်ဖက်နှင့်အတူပေါင်းကာ ချုပ်ထားလိုက်သည်။

Sharr - " ကိုယ်က မင်းကို ခံစားလို့ကောင်းအောင် အကုန်လုပ်ပေးမှာမလို့ မင်းက ဒီအတိုင်းလေးပဲ ကိုယ့်ကိုကြည့်နေပေးနော် ...." ဟု Maria နဖူးလေးကိုနမ်းလိုက်ရင်း ပြောလိုက်သောအခါ .....

Dear Maria,....Where stories live. Discover now