တချို့ ဝဋ်ကြွေးတွေ ဟန်ဆောင်ကောင်းတယ် ပျော်ရွှင်မှုမျက်နှာဖုံးတွေ တပ်လို့.....

355 32 0
                                    

Dara သူမပုခုံးနှစ်ဖက်ကို ဖိကာဆုပ်ကိုင်ထားသော Sharr ရဲ့ လက်ကို ပြန်လည်ဆုပ်ကိုင်လိုက်သည်။

Dara - " နင်လုပ်ချင်တာလုပ်ပါ တစ်ခုပဲ ငါ့ကိုကတိပေးပါ။ နင်ထိခိုက်မယ့် အခြေနေမျိုးကြုံလာရင် အမြန်ဆုံးနောက်ဆုတ်ပါ့မယ်ဆိုတဲ့ ကတိ"

Sharr - " ငါ ထိခိုက်စရာ ဘာလို လို့လည်း "
ထိုစကားကို Sharrဟာ သူမပုခုံးပေါ်မှ သူ့လက်တွေကို ဖယ်လိုက်ပြီး အိမ်ဘက်ဆီသို့ လျှောက်လှမ်းရင်းပြောလိုက်သည်။ Sharr နောက်ကျောကို Dara ရပ်ကြည့်ကာ ထိုနေရာမှာ ကျန်နေခဲ့သည်။

Dara - " နင် သူ့ကိုကြည့်တဲ့ နင့်အကြည့်တွေကို နင်ကိုယ်တိုင်မြင်နိုင်ရင် ထိခိုက်စရာမရှိဘူးဆိုတဲ့ စကားမျိုးနင်ပြောအုန်းမလား ငါတကယ်သိချင်တယ် Sharr။"

Sharr သူမအခန်းထဲသို့ အရောက်တွင် အပေါ်ထပ်အင်္ကျီကိုချွတ်ကာ စင်မှာချိတ်လိုက်သည်။ ကုတင်ပေါ်ရှိ Meili ကတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေဟန်ရှိလှသည်။ ထို့ကြောင့် သူမကုတင်ပေါ်သို့ သူမလှဲချင်သလို မလှဲပဲ ဖြေးညင်းစွာလှဲလျောင်းလိုက်ပြီး သူမကိုကျောပေးကာ အိပ်နေသော Meili ကို တချက်ကြည့်လိုက်သည်။ Meili က အိပ်မြဲအတိုင်း ဆက်အိပ်နေသည့်အတွက် Sharr သူမခေါင်းအောက်က ခေါင်းအုံးကို အနည်းငယ်ပြုပြင်လိုက်ပြီး မျက်လုံးများကို မှိတ်လိုက်သည်။

Meili မျက်လုံးကိုဖွင့်လိုက်ပြီး လက်ထဲမှ ဖုန်းကိုကြည့်လိုက်သည်။
💭 1:50 (am) 💭💭💭💭 သူမခန္ဓာကိုယ်ကို Sharrဘက်သို့ဖြေးဖြေးချင်းလှည့်ကာ Sharrကိုကြည့်လိုက်သည်။ လက်ကို Sharrရဲ့အိပ်ပျော်နေသော မျက်နှာနားအထိ ရောက်အောင် ဆန့်လိုက်ပြီး Sharrမျက်နှာကို မထိခင်လေထဲမှာပင်ရပ်တန့်ကာထားလိုက်သည်။ လက်ကို ထိုပုံစံအတိုင်းဆန့်တန်းထားရင်း လေသံတိုးတိုးလေးဖြင့် တစ်ကိုယ်ရည်တည်း ရေရွက်လိုက်သည်က

Meili - " ပိုင်ဆိုင်ချင်တယ်... Meili ဘဝနဲ့ ပိုင်ဆိုင်သမျှတွေ အကုန်ချရင်းရင်တောင် Meiliမရနိုင်တဲ့အရာက မမများလား??  ..............."
🤍🤍🤍🤍🤍🤍🤍🤍🤍🤍🤍🤍🤍🤍🤍🤍🤍
မျက်နှာဆီသို့ တချက်တချက် အထိတထိကျရောက်လာသော အလင်းရောင်ကြောင့် Sharr မျက်လုံးတွေကို ဖြေးဖြေးချင်းဖွင့်လိုက်သည်။ အိပ်ယာဘေးမှ စားပွဲတင်နာရီလေးက ........ ☘️ မနက် 6:00 🕕☘️ကို အတိအကျပြပေးနေသောကြောင့် အိပ်ယာမှ ထရန် Sharr ခန္ဓာကိုယ်ကို လူးလွန့်လိုက်စဉ် သူမလက်မောင်းကို ခေါင်းမှီ ၊ သူမခါးကို ဖက်ကာ အိပ်ပျော်သော Meiliကြောင့် Sharr ကုတင်မှ ရုတ်တရက်မထတော့ပဲ ........
သူမကိုယ်ပေါ်က Meili လက်လေးကို ဖြေးဖြေးချင်းမကာ ဖယ်လိုက်သည်။ လက်ကိုဖယ်ပြီးတော့ ခေါင်းကိုကျတော့ ခေါင်းအုံးပေါ်တင်ပေးရန် လက်နှစ်ဖက်ဖြင့် မလိုက်စဉ် ရုတ်တရက်သူမလည်ပင်းဆီသို့ မြှောက်တတ်လာသော Meili လက်တွေကြောင့် Sharr ဟန်ချက်ပျက်ပြီး ကုတင်ပေါ်ပြန်ကျကာ Meili နဖူးပေါ်သို့ နှုတ်ခမ်းဖြင့် ထိမိသွားသည်။ ထိုအခါမှ Sharr သတိထားမိသွားပြီး အနောက်သို့အမြန်ဆုတ်ပြီးနောက်

Dear Maria,....Where stories live. Discover now