အချစ်နဲ့ သံယောဇဉ်က တခါခါ အမည်တပ်မှားတတ်တယ် 🌺☘️☘️

313 29 0
                                    

Dara - "ဒါဆို ငါအောက်ထပ်ကပဲစောင့်နေမယ်နော်"

ကွန်ဒို​၏ ဓာတ်လှေကားရှေ့တွင် အတူတူရပ်နေကြရင်းကနေမှ ရုတ်တရပ် သူမဘေးက Dara က အောက်ထပ်ကပဲစောင့်တော့မည်ဟု ဆိုလာသောကြောင့် ဓာတ်လှေကားရောက်နေပြီဖြစ်သော်လည်း Sharr ခလုတ်ကို မနှိပ်သေးပဲ

Sharr - " ရုတ်တရက်ကြီး?"

Dara - " အစကတည်းက အာ့လိုလုပ်မလို့ တွေးထားပြီးသားပါ။ ကျေးဇူးပြုပြီး Meili ကို နည်းနည်း ဂရုစိုက်ပေးလိုက်ပါအုန်း?"

Sharr - " အင်း ဒါဆို ရေချိုးအင်္ကျီလဲပြီး ဆင်းလာခဲ့မယ်နော်"
---တီ တီ တီ တီ .. [ အခန်းတံခါးဖွင့်သံ] !!!!
Meili ဆိုဖာပေါ်လှဲနေရင်း အခန်းတံခါး Password နှိပ်သံကြားလိုက်ရသောကြောင့် မီးဖိုခန်းဆီအမြန်ပြေးသွားပြီး သူမနဖူးတွင် ကပ်ထားသော ရေနွေးအိတ်ကို ဖွတ်လိုက်သည်။ ပြီးနောက် ဆိုဖာပေါ်ပြန်လှဲအိပ်နေရင်း Sharr သူမဆီလျှောက်လာတာကို နားစွင့်ထားစဉ်မှာပဲ Sharrဝင်လာသည်။ သူမမှန်းထားသလို သူမနားကို ရောက်လာခဲ့ပြီး

Sharr - " Mei..hey! Meili ဘာလို့ဆိုဖာပေါ်မှာလှဲနေတာလည်း အိပ်ခန်းထဲသွားအိပ်လေ မမရေချိုးလိုက်အုန်းမယ်.. ထတော့နော် .." ဟု ပြောပြီး ရေချိုးရန်ထွက်သွားတော့မယ် Sharr လက်ကို Meili လှမ်းဆွဲထားလိုက်သည်။

Meili - " မမ တစ်ညလုံးပြန်မလာပဲ မိုးလင်းမှပြန်လာပြီးပြောတဲ့စကားက ဒါပဲလား? ဘာလို့ Meili ကို မကြည့်တာလဲ Meili တစ်ညလုံး မမကိုဖုန်းတွေလည်းဆက်တယ် မအိပ်ပဲလည်းစောင့်နေတာကို အဟွက်..ဟွက်(ချောင်းဆိုးသံ)

Sharr ...Meili လက်ကိုဖြုတ်ချလိုက်ပြီး မီးဖိုခန်းဆီသွားကာ ရေတစ်ခွက်ယူလာပြီး Meili ဘေးကပ်ကာဆိုဖာပေါ်ထိုင်လိုက်သည်။ မိမိယူလာသော ရေခွက်ကို Meiliဆီ ပေးလိုက်ပြီး လက်ဖြင့် Meiliနဖူးကိုစမ်းလိုက်သည်။

Sharr - " Sorry.. မမတောင်းပန်ပါတယ် အာ့လိုဆိုပေမယ့်လည်း မမက လူကြီးလေ ဘာလို့မမလုပ်တဲ့အရာရာတိုင်းကို Meiliကို လိုက်ပြောပြပြီးရှင်းပြနေရမှာလည်း? ကိုယ်ပူနေတာမလို့ အိပ်ခန်းထဲမှာနားလိုက်နော် မမ Dara ကို ဖုန်းဆက်ပြီး ဆေးရုံလိုက်ပို့ပေးဖို့ပြောလိုက်မယ် ဆရာဝန်ပြပြီး ဆေးသောက်လိုက်နော် လိမ္မာတယ် မမ မနက်ပိုင်းအစည်းဝေး ရှိသေးလို့....."

Dear Maria,....Where stories live. Discover now