လိုအပ်တာတွေရခဲ့တယ်...လိုချင်တာတွေမဟုတ်ပေမယ့်🤍

404 38 0
                                    

Sharr အစည်းဝေးခန်းမှ ထွက်လာလာချင်း Dara ကိုရှာလိုက်သည်။ ခပ်လှမ်းလှမ်းတွင် ဖုန်းပြောနေသော Dara .. သူမကိုမြင်လျှင် ဖုန်းချပြီး သူမအနားရောက်လာကာ

Dara - " အစည်းဝေးက အဆင်ပြေတယ်ကြားလို့ ဝမ်းသာပါတယ်။"
Sharr - "Imm .. ဒါနဲ့ ငါ...စုံစမ်းခိုင်း....ထား.."
Dara - " ဒီဘက်ကို နည်းနည်းကပ်လိုက်မလား? လမ်းအလယ်မှာဆိုတော့ ..."
Sharr - " အိုကေ!"

လူအနည်းငယ်ရှင်းသော မှန်ပြတင်းဘေးနားသို့ Dara ခေါ်သည့်အတိုင်း Sharrလိုက်သွားလိုက်သည်။

Senior L : A Entertainment တွင် Training ကာလ သုံးနှစ်ကျော်ရှိနေပြီးပွဲထွက်ဖို့လျာထားခံရသော လက်ရွေးစင်များကို သီးသန့်အဖွဲ့ဖွဲ့ထားပေးပြီး ထို အဖွဲ့ကို Senior L ဟုခေါ်ဆိုကြသည်။

Senior L ရဲ့ အဖွဲ့ဝင်အချို့ -
1- "ဟား!ဟားဟား! အေးဆို အာ့ဆိုင်က မဆိုးဘူး.. ငါတို့ကိုဆို အမြဲဈေးကိုလျော့ပြီး စပယ်ရှယ်တွေချည်းသုံးပြီး လုပ်ပေးတာ"
2- "အေး .. ငါတောင် ဟိုနေ့က ငါ့ကောင်လေး အမကိုခေါ်ပြီး လိုက်လုပ်ပေးလိုက်သေးတယ် ငါတို့က အောင်မြင်တော့မယ်လူတွေဆိုတော့ သူတို့က အခုကတည်းက ဖားထားတာပေါ့ဟာ..."
3- "ဟဲ့ တိုးတိုး ဟင်?? ဟဲ့ဟဲ့ ခဏ .. ဟိုထောင့်မှာ စကားပြောနေတဲ့ နှစ်ယောက်က ငါတို့ MDမလား? ဘေးက သူ့PA"
1/2 - "ဟင်? ဟယ်!!!! ဟုတ်တယ် အေး အဝေးကကြည့်တာတောင် အရောင်တွေထွက်နေတယ် .. အရမ်းမိုက်တယ်ဟယ် ငါတို့ MD က ငါ့styleပဲ..အမယ် ကြည့်စမ်း ဒီနေ့ ငါတို့ဆီ MD လာဖို့ရှိတယ်မလား??"
3- "အေးလေ အာ့တာကြောင့် ငါသေချာကိုပြင်လာတာကြည့်ပါ့လား ရေမွှေးတောင်အသစ်ဝယ်ပြီးဆွတ်လာတာ"
4- "အမယ်!! တော်တော်ဖြစ် ခဏနေ အခန်းကိုရောက်ရင် ငါ့ကို နှုတ်ခမ်းနီငှားအုန်း ငါလည်းသေချာလေးပြင်ရမှာပေါ့..ဟီး"
----------------------------------------------------------------------
Practice Room ထဲတွင်
အသစ် - " L တွေလာနေပြီ မြန်မြန်ထ မြန်မြန်ထ"
ထိုကောင်မလေးအသံကြောင့် Maria တို့ အသစ် Trainee များ ခဏနားနေတုန်းပဲရှိသေးသော်လည်း အမြန်ထလိုက်ကြသည်။ မတ်တပ်ရပ်ကာ အသင့်အနေထားနှင့် စောင့်နေစဉ် Practice Room ရဲ့ တံခါးကြီးဟာ ပွင့်သွားပြီး သူတို့စောင့်နေသော L တွေမဟုတ်ပဲ မမျှော်လင့်ထားသော လူများဝင်ရောက်လာသည်။

Dear Maria,....Where stories live. Discover now