ငါက မင်းကိုကာကွယ်ပေးမယ်☀️☀️

273 31 2
                                    

Sharr သူမအဖေ (CEO) ပြန်သွားပြီနောက် ကျန်နေသေးသောအလုပ်များလက်စသတ်ရန် ရုံးခန်းဆီသွားရန် အနောက်သို့လှည့်လိုက်စဉ် ရုတ်တရက်သူမမျက်နှာနားသို့ ထမင်းဘူးတစ်ခုကလာကွယ်နေပြီး တဆက်တည်းမှာပဲ

Maria - " Suprise !!!"

Sharr - " မမ ဒီကို ဘယ်လိုလုပ်? "

Maria - " ကိုယ့်ကောင်မလေးက ညဉ့်နက်တဲ့အထိ အလုပ်တွေကြိုးစားနေရတာဆိုတော့ အားရှိအောင် ညစာလေးပြင်လာတာ"

Sharr ပြုံးကာ Maria ကိုစိုက်ကြည့်နေလိုက်သည်။ ထို့နောက် Maria ခါးလေးကို ကိုင်ကာ သူမအနားဆွဲယူလိုက်ပြီး Mariaပုခုံးလေးပေါ် ခေါင်းလေးမှီရင်း

Sharr - " ခဏလောက် ဒီလိုလေးနေရအောင်။ "

Maria - "............" ငြိမ်နေပေးလိုက်ပြီး Sharrကျောလေးကို ဖြေးဖြေးချင်းပုတ်ကာချော့မြူနေလိုက်သည်။

Sharr - " လွမ်းနေခဲ့တာ ဒီတနေ့လုံး "

Maria - " ............"

Sharrက သူမကိုမှီနေရာမှ မတ်တပ်ပြန်ရပ်ကာ သူမမျက်နှာကိုလာကြည့်နေသည်မို့ Maria နားမလည်စွာဖြင့်...

Maria - " ဘာ...ဘာလို့လည်း ?"

Sharr - " ဘာလို့ဘာမှပြန်မပြောတာလည်း? မမကော မမက မလွမ်းဘူးပေါ့ တနေကုန်Sharrအကြောင်းမတွေးမိဘူးပေါ့.. သွေးအေးလိုက်တာ ..."

ကလေးလို အကြောင်းရှာရစ်နေသော Sharrပုံစံကိုကြည့်ရင်း Maria အသံထွက်ကာရီလိုက်မိသည်။ ရီနေရင်းမှ Sharr မျက်နှာလေးကိုလှမ်းကိုင်လိုက်ပြီး ခြေဖျားလေးထောက်ကာ Sharr နှုတ်ခမ်းလေးကို နမ်းလိုက်သည်။

Maria - " ရပြီလား "

Sharr ကျေနပ်သွားပြီး ပြုံးကာခေါင်းညိမ့်ပြလိုက်သည်။
မမကလည်း သူမကိုပြန်ပြုံးပြပြီးနောက် သူမလက်ကိုဆွဲကာ အနီးဆုံ ခုံတန်းလျားတစ်ခုဆီ ခေါ်သွားပြီး ထမင်းဘူးလေးဖွင့်ကာ

Maria - " အာ လို့ပြော ..."

Sharr - " အာ..! ဝါး!အရသာအရမ်းရှိတာပဲ မမချက်ကျွေးတာက အကောင်းဆုံးပဲ။ တနေကုန်ပင်ပန်းသမျှတွေအကုန်ပျောက်သွားသလိုပဲ။ စားလို့ကောင်းတယ် ကျွေးအုန်း အာ...."

Dear Maria,....Where stories live. Discover now