ဒီတခါတော့ ထားခဲ့သူ ငါပါ ✈️✈️

266 32 0
                                    

ထပ်ပြီး မငိုတော့ဘူး... ထပ်ပြီးမပျော့ညံ့တော့ဘူး အထူးသဖြင့် မင်းရှေ့မှာပေါ့။ ထို့ကြောင့်သူမမျက်လုံးတွေရှေ့က Maria လက်တွေကို Sharr သူမလက်ဖြင့်ဆုပ်ကာ ဖယ်လိုက်သည်။ Sharr သူမကိုယ်ကို Maria ဘက်သို့လှည့်လိုက်ပြီး Maria မျက်နှာကို ကြည့်ရင်း

Sharr - " ကိုယ် မင်းနဲ့ထပ်မတွေ့တော့ဘူး Maria။ ကိုယ် ဒီgame ကို ရပ်လိုက်တော့မယ်"

Maria - " .ဘာကို. ဘာgameလည်း ဘာကိုရပ်မှာလည်း?"

Sharr - " ကိုယ့်ဆီ စာတွေလည်း ထပ်မပို့ပါနဲ့တော့ ဖြစ်နိုင်ရင် ......

​ဖြောင်း !! [ ပါးရိုက်လိုက်သံ] သူမပါးပေါ် ကျလာသည့် Maria လက်ဖဝါးပြင်ကြောင့် Sharr ပါးဟာ ပူထူသွားသည်။ Sharr အော်ရယ် လိုက်ပြီး Maria ပုခုံးကို အားထည့်ကာ ဆုပ်ကိုင်လိုက်သည်။

Sharr - " တော်လိုက်တော့ ခဏခဏ ထိုးဆွနေတာမျိုးတွေ တော်ပါတော့.. မင်းပဲ ပြောခဲ့တယ် ငါတို့ တသက်လုံး အတူတူနေသွားကြမယ်လို့ .. ဘာပြသာနာတွေပဲကြုံလာကြုံလာ အတူတူဖြေရှင်းကြမယ်လို့ ပြီးတော့ မင်းဒီပါးစပ်ကပဲပြောခဲ့တာမလား တသက်လုံး ငါ့ကိုမေ့မသွားပါဘူးဆိုပြီး ငါတကယ်မုန်းတယ် ငါ့ကိုမေ့ထားပြီး ပုံမှန်လူလို သွားလာရယ်မောပျော်ရွှင်နေတာကိုမြင်တော့ ငါတကယ်ဒေါသထွက်တယ်"

Maria - " ဘာ? "

Sharr - "  ငါ့နောက်ကွယ်မှာ လှောင်နေမှာပေါ့ အာ ဒီကောင်မလေးကတော့ ငါမှငါ ဖြစ်နေတာပဲ။ ဒီကောင်မလေးကတော့ ငါအပေါ်ယံလေးကောင်းပြလိုက်တာနဲ့ ငါမရှိရင် မဖြစ်တော့ဘူးပဲ ဆိုပြီး ထင်နေမှာပေါ့ ဒါပေမယ့် ဘယ်လိုလုပ်ရပါ့မလည်း ဟင် ! Maria မျက်လုံးကိုမလွှဲပဲ ငါ့ကိုသေချာကြည့်စမ်းပါ။ နင်ထင်သလိုမဟုတ်ပဲ ငါက နင်မရှိလည်း ကောင်းကောင်းကြီးနေနိုင်ပြီး အခုလိုရပ်တည်နေနိုင်ပေမယ့် နင်ကတော့ မဟုတ်ဘူးမလား?

Maria - " ဒါတွေ မေးနေတာမှ မဟုတ်တာ ဘာလို့လည်း ?ဘာတွေဖြစ်နေတာလည်း ဟင် MD? အ! ပုခုံးကနာနေပြီ...?"

Sharr - " နားထောင်လက်စနဲ့ ဒါပါ နားထောင်လိုက် လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်လုံး မင်းထွက်သွားတဲ့ နှစ်တွေမှာ ငါ! ငါလေ ဘယ်လောက်တောင်မှ ခက်ခက်ခဲခဲရုန်းကန်ခဲ့ရလည်း... မင်းတစ်ယောက်အတွက်နဲ့ ဘယ်လောက်တောင်နာကျင်ခဲ့ရသလည်းဆိုတာ အိပ်မက်တွေမှာတောင် မင်းပါနေတာ နာကျင်လွန်းလို့ ညဆို အိပ်ပျော်ဖို့တောင် လန့်နေတဲ့အထိ.. ဒါ့ကြောင့် ငါသိချင်လာတာက မင်းသာ ငါ့နေရာမှာဆိုရင် ဘယ်လိုများရှင်သန်နေမလဲ? ငါခံစားရတာကို အပြည့်ဝနားလည်ဖို့ဆို မင်းလည်း ငါ့လိုစွန့်ပစ်ခံရမှ နားလည်လာမှာ ဒါ့ကြောင့် ငါ့ဘေးမှာ မင်းကို ဒီထက်ပို မမြင်ချင်တော့ဘူး မင်းကို ငါမလိုအပ်တော့ဘူး Maria "

Dear Maria,....Onde histórias criam vida. Descubra agora