ငါ့ရဲ့ ရွေးချယ်မှုတွေက အဆုံးမှာ ဒွိဟတွေနဲ့ ☘️🩸🩸🩸🩸🩸

368 36 4
                                    

ည 12:00 ဆိုပေမယ့် မြို့ပြရဲ့ပုံစံဟာ သက်ဝင်လှုပ်ရှားနေဆဲပင်........

Sharr စားပွဲမှာ ထိုင်ရင်း လမ်းမကြီးကိုငေးမောနေရာမှ သူမရှေ့တွင် ထိုင်နေသော Maria ဘက်သို့ ပြန်လှည့်ကြည့်လိုက်သည်။

Sharr - " ဗိုက်...မဆာဘူး မလား?"
Maria - " အာ..ဟုတ် အားနာပေမယ့် ဒီအချိန်စားတဲ့အကျင့်မရှိတော့...လေ...မ..မဆာဘူး.."

Sharr သူမရှေ့စားပွဲပေါ်မှ သူမအတွက်ချထားသည့် ဟင်းချိုခွက်ကို အကြောင်းမဲ့မွှေလိုက်ပြီး စားစရာများကိုတချက်ကြည့်ကာ

Sharr - " အော်....မှာထားတာတွေအကုန် စားပြီးသွားပြီပဲ"

Maria လက်ထဲမှ ခက်ရင်းကိုချလိုက်ကာ နှုတ်ခမ်းကို အနည်းငယ်စူလိုက်ပြီး Sharr ရဲ့စကားကို တုံ့ပြန်ပြောဆိုလိုက်သည်။

Maria - " အွင်... မှာထားလို့ စားရတာပါနော်.. ပြောတုန်းက သူပဲတခုခု သွားစားရအောင်ဆိုပြီး လူကိုဆွဲခေါ်လာ၊ ဆိုင်ရောက်တော့လည်း သူပဲ အများကြီးလျှောက်မှာ တကယ်တန်းကျစားလည်းမစားပဲနဲ့ အာ့တာကြောင့် Mari က နှမြောလို့ စားပေးရတာပါနော်....မှာထားပြီး မစားရင် အစားသောက်စောင့်တဲ့ နတ်တွေက စိတ်ဆိုးပြီး ညကျ အိမ်မက်ဆိုးမက်အောင် လုပ်တတ်တယ်တဲ့ ဘာမှလည်းမသိပဲနဲ့......"

သူမပြောလိုက်တဲ့ စကားအပေါ် တဗြစ်ဗြစ်တောက်တောက် ပွစိပွစိနဲ့မပြီးနိုင်အောင် ပြောနေသော Maria ရဲ့ မေးစေ့လေးကို Sharr လက်ဖြင့် ပွတ်သပ်လိုက်ကာ

Sharr - "ဟုတ်ပါပြီ ဟုတ်ပါပြီ... ဘယ်က အယူအဆတွေမှန်းမသိဘူး ကဲပြီးရင် ထ ...လာ"

ခုံမှ ထကာ သူမရှေ့လာရပ်ပြီး လက်ကိုကမ်းပေးနေသော Sharr ကို Maria မော့ကြည့်လိုက်သည်။ ပြီးနောက် ထိုလက်ကို ပြန်ဆုပ်ကိုင်ကာ ထိုင်ရာမှ ထကာ Sharr ခေါ်ရာသို့ ဘာမှမမေးပဲ စိတ်ဆန္ဒအတိုင်း လိုက်သွားလိုက်သည်။

​လေတချက် ဝေ့လိုက်တိုင်း ပါလာတဲ့ သူမရဲ့ဘေးက သူရဲ့ရနံ့လေး... လက်ထဲမှ သောက်လက်စ ဘူးကို  ဘေးခဏချလိုက်ရင်း Sharr ရင်ခွင်နားကပ်ကာ Maria

Maria - " ရေမွှေးက...ဘာရေမွှေးလည်းဟင်..? "

Sharr - " Cologne ပါ"

Dear Maria,....Kde žijí příběhy. Začni objevovat