ငါပဲချစ်ခဲ့ပြီးငါပဲနာကျင်နေရတာပါ့လား။💔

262 31 2
                                    

Practice Room ထဲတွင် Maria ဂစ်တာတီးလိုက် သီချင်းစာသားဖြည့်လိုက် PD ဆီပြလိုက် ဆိုကြည့်လိုက်နဲ့ လေ့ကျင့်နေစဉ် ဝန်ထမ်းကောင်မလေးတစ်ဦးဝင်လာပြီး သူမကို ဧည်သည့်လာတွေကြောင်းပြောပြသည်။ ထို့ကြောင့် PDဆီခွင့်တောင်းပြီး Maria အပေါ်ဆုံးထပ်သို့ ဓာတ်လှေကားနှင့် တတ်လိုက် သွားတော့ သံဘောင်နားတွင် ရပ်ကာ အပြင်သို့ ရပ်ကာငေးကြည့်နေသော လူတစ်ဦးကို တွေ့လိုက်ရသည်။

Maria - " Joon ?"

Joon - " အော် လာပြီလား? ရော့ ဒီမှာ အဝတ်စားတွေ ပြီးတော့ အန်တီက ပြောလိုက်သေးတယ် ဒီစာအုပ်က နင့်အတွက်အရေးကြီးမယ် ထင်လို့တခါတည်း ထည့်ပေးလိုက်တယ် ကောင်းကောင်းသွားပြီး ပြန်လာခဲ့ပါတဲ့"

Maria - " ကျေးဇူးပါပဲဟာ ငါလည်း ရုတ်တရက်ကြီး နိုင်ငံခြားမှာ ဖျော်ဖြေရမယ့်အဖွဲ့ လူစာရင်းထဲအထည့်ခံလိုက်ရတာမလို့ အိမ်ပြန်မယူနိုင်ဘူးဖြစ်သွားတာမလို့ နင့်ကိုအပူကပ်ရတာပါ နောက်မှ မေမေကို ငါဖုန်းဆက်လိုက်ပါ့မယ် ကျေးဇူးပါ တခုခုစားပါအုန်းလား? ငါကျွေးမယ်လေ "

Joon - " ရပါတယ်ဟာ နောက်မှပေါ့ အခုနင်လေ့ကျင့်လက်စကြီးနဲ့ပြေးလာတာမလား သွားပါ သွားနောက်မှပေါ့ "

Maria - " ဒါဆို နောက်တခါ ငါသေချာပေါက်ကျွေးမယ်နော် တာတာ ဂရုစိုက်ပြန်အုန်း ငါပြန်ရောက်ရင် ဖုန်းဆက်လိုက်မယ်"

Joon - " အေးပါ ဒါနဲ့ နင်....."

Maria - " .. ဟင်? ဘာလည်း မကြားရဘူး ပြန်ပြော ?"

Joon - " ဘာမှမဟုတ်ဘူး ကောင်းကောင်းသွားလို့ ဟိုရောက်ရင်လည်း ဖုန်းဆက်အုန်းလို့ !!"

Maria - " အင်း !!! တာတာ "
Maria အောက်ထပ်သို့ပြန်ဆင်းရန် ဓာတ်လှေကားစောင့်နေစဉ် လူတစ်ယောက်သူမဘေးတွင် လာရပ်ပြီး

Jacky - " Maria ? "
Maria - " ဘယ်သူများလည်း ?"

သူမအမေးကို ထိုလူက သူဝတ်ထားသော မျက်မှန်အမည်းကို အနည်းငယ်အောက်ချပြီး ပြုံးပြသည့်အခါ ထိုလူကို Maria သိလိုက်သည်။ နာမည်ကြီး Model သူမတို့ အားကျရသော စီနိယာကြီး Jack

Maria - " စီနီယာ?"
Jacky - " အချိနါဇယားတွေပြည့်နေတာနဲ့ အခုမှကိုအချိန်လုပြီး တွေ့ရတော့တယ် ဒီတခေါက် Japan Tour အတွက် အရံလူစာရင်းမှာ ပါခွင့်ရတယ်ဆို ။နောက်ဆို ခင်ခင်မင်မင်နေသွားကြတာပေါ့ ဟုတ်ပြီလား "

Dear Maria,....Where stories live. Discover now