Chapter 2 🍓🍓

577 53 2
                                    

Maria ဖုန်းကို ချပြီးပြီးချင်းပဲ သူမသူငယ်ချင်းတွေဘက်လှည့်ကာ
Maria - " ဘယ်လိုလုပ်ရမလည်း? studio က ပြန်လာခဲ့ပေး/ အသံပြန်သွင်းပေးချင်လို့ပါ တောင်းပန်ပါတယ်ပြောနေတယ်..."

Joon - " အခုချက်ချင်းလား? "

Kar - " ဟိုစောက်ကြောကြီး နဲ့ လူလား? ဘယ်လိုဖြစ်သွားတာတုန်း ?? ငါတို့ဝင်လာကတည်းက သူပြောတာပဲနားထောင်ဆိုတဲ့ အထာနဲ့အမိန့်တွေ ဇွတ်ပေးပြီးတော့ သွားလေ ရတယ် ငါတို့က ဒါပေမယ့် စားဖို့က မှာပြီးပြီလေ?"

Maria - " အင်း sorry ပါဟာ နင်တို့ပဲ စားနှင့်လိုက်လေဟာ နော် ငါရှင်းသွားလိုက်ပါ့မယ်"

Joon/Kar - " ရပါတယ်...သွားပါ"
Maria ကောင်တာတွင် ငွေရှင်းဖို့ပြင်လိုက်စဉ် သူမလက်ကိုတစ်စုံတစ်ယောက်က ဆုပ်ကိုင်လိုက်သည့်အတွက်

Maria - "ဟင်? Joon ဘာလို့?"

Joon - "မရှင်းပါနဲ့လို့ ပြောနေတာကို ကွာ သွားပါ ငါခနနေ လိုက်လာခဲ့ပေးမယ်လေ အခုတော့ Kar နဲ့ ခဏ သူစားပြီးတဲ့အထိ စောင့်ပေးလိုက်အုန်းမယ် ပြီးရင် studio ကို ငါလာကြိုမယ်လေ အတူတူပြန်ကြမယ်"

Maria - "အေးပါ ငါသွားပြီနော် အာ့ဆို ကျေးဇူးပဲ ငါ့ချစ်တုံးလေးတွေ တာတာ "
Maria တို့စားဖို့ ရွေးချယ်ထားသည့် ဆိုင်က studio နဲ့သိပ်မဝေးသည့် အတွက် တော်သေး၏။ အမြန်ပြေးကာ သွားလိုက်လျှင် ခဏနဲ့ရောက်နိုင်သည်မို့ ပြေးသွားလိုက်သည်။
ထိုအချိန်တွင် studio ထဲမှာတော့ တိတ်ဆိတ်မှုနဲ့ သက်တောင့်သက်သာမရှိမှုက အခန်းကို ဖုံးလွှမ်းထားသည်။ ကိုယ့်အပြစ်နဲ့ကိုယ်မို့ အသံသွင်းစက်များရှေ့ရှိ နောက်မှီဆုံလည် ခုံကြီးပေါ်တွင် ထိုင်နေသော Company က လူနှစ်ယောက်ကိုလည်း စကားမစရဲသဖြင့် producer လည်း Maria ကိုသာ ဖုန်းထပ်ဆက်ကြည့်ရန် အခန်းအပြင်သို့ ကုတ်ချောင်းချောင်းနှင့် ထွက်လာခဲ့လိုက်သည်။ အခန်းအပြင်ရောက်မှသာ သက်ပြင်းကို ချလိုက်ပြီး ဖုန်းဆက်လိုက်သည်။

Dear Maria,....Where stories live. Discover now