Chapter 5 မေ့တဲ့လူက မေ့ထားပြီးပဲ ဘာလို့များငါကမျှော်လင့်နေသေးတာလည်း☘️☘️

499 42 4
                                    

ညက တိတ်ဆိတ်ပေမယ့် အေးချမ်းတယ်။ အလင်းမရှိပေမယ့် လုံခြုံနွေးထွေးနေတယ်။ 🌒🌒🌒🌒

သူမရဲ့ အပူလောင်ဒဏ်ရာကို ခပ်ဖွဖွညင်သာစွာ ဆေးလိမ်းပေးနေသော သူမရဲ့ နွေဦးလေး (maria) လက်ကို ဆုပ်ကိုင်လိုက်သည်။

Sharr - " ရပြီ .."

Maria - " မရပါဘူး ပလာစတာကပ်ရအုန်းမယ်"

Sharr ပုခုံးကို ဖိကာ ပြန်ထိုင်ခိုင်းလိုက်ပြီး ပလာစတာကပ်ရန် ကပ်ခွာခွာနေစဉ် သူမနှုတ်ခမ်းဆီသို့ ထိကပ်လာသည့် နှုတ်ခမ်းတစ်စုံ။ သူမလက်က လန့်ပြီး Sharr အင်္ကျီကိုဆုတ်ချေမိလိုက်သည်။

....Kiss !  
Maria - Mmm! 💭 နမ်း..? နမ်း..လိုက်တာလား? ..အခုက 💭

Sharr သူမနှုတ်ခမ်းညာဖက်အစပ်နားကို လက်မဖြင့် သပ်လိုက်ပြီး မြေကြီးပေါ်ထိုင်ကျသွားခါနီးဖြစ်သွားသော Maria ကိုယ်လေးကို လက်တစ်ဖက်ဖြင့်ထိန်းထားလိုက်သည်။

Sharr - " တော်တော့လို့ပြောလိုက်တယ်လေ"

Maria - " ဘာ..ဘာလို့ နှုတ်ခမ်းကို.."

Sharr -  "...နူးညံမယ်ထင်လို့ .. ထင်သလောက် မဟုတ်ဘူးပဲ"

နှုတ်ခမ်းကိုလက်ဖြင့်ပိတ်ကာ တအံ့တဩ သူမကိုငေးကြည့်နေသော Maria ကို ကြည့်ရင်း ... Sharr မျက်နှာကို ဘေးသို့လွှဲလိုက်သည်။

Sharr 💭 သေစမ်း.! ဘာလို့အာ့လောက်ဆွဲဆောင်မှုရှိနေရတာလား? နားရွက်တွေတောင် နီရဲနေတယ်💭

Sharr - " အဟမ်း.. ဘာပဲဖြစ်ဖြစ်ဆေးအတွက်ကျေးဇူး.. ပြန်ကြရအောင်"

Maria - ...............

ပန်းခြံကနေ နှစ်ဦးသားလမ်းလျှောက်ကာ ထွက်လာခဲ့ကြသည်။ စကားတော့ မပြောဖြစ်ကြ.. ဘာပြောရမှန်းမသိသဖြင့် ငြိမ်နေကြခြင်း ဟုဆိုလျှင် ပိုမှန်ပေလိမ့်မည်။

Dear Maria,....Where stories live. Discover now