မင်းမျက်ဝန်းတွေကတော့ မညာခဲ့ဘူးလေ 🤍🤍

244 31 0
                                    

Maria တို့ အပိတ်သီချင်းမတိုင်ခင် ဖျော်ဖြေခွင့်ရခဲ့သလို ပရိသတ်တွေရဲ့ တုံ့ပြန်မှုကလည်းကောင်းခဲ့သည့်အတွက် စင်နောက်မှ Staff များက လက်ခုပ်တီးအားပေးကြသလို PDကလည်း တော်ကြောင်းထုတ်ပြောသည်။

PD - " ကဲ ကလေးတွေ ပင်ပန်းသွားပြီ ဝါရင့် Idol တွေလိုပဲ အကောင်းဆုံးဖျော်ဖြေနိုင်ခဲ့တယ် တော်တယ် ဒီနေ့ညတော့ အေးဆေးလည် အေးဆေးနားကြ အဓိက ကတော့ ဘေးပတ်ဝန်းကျင် အာရုံစိုက်မခံရပဲ အေးဆေး Hotel ပြန်လာဖို့ပဲ လိုတယ် အိုကေ ?"

Maria တို့အဖွဲ့ သံပြိုင် - " ဟုတ်ကဲ့ Yayyy!!!!!"

ထိုစဉ် ရုတ်တရက် သူမလက်ကို တစ်စုံတစ်ဦးက လာရောက်ဆွဲသည့်အတွက် ကြည့်လိုက်တော့

Maria - " စီနီယာ !"
Jacky - " အပြင်မှာ စောင့်နေမယ် "

Maria - " ရှင် ?... ဟို "

​ထိုနေရာမှ လူတွေပြုံကျလာသည်ကို မကြိုက်လို့ထင်သည် သူမဆီ ထိုစကားကိုပြောပြီးနောက် ချက်ချင်းပြန်ထွက်သွားသော စီနီယာကြောင့် သူမ မငြင်းလိုက်ရပဲ Stage အဝတ်စားတွေ လဲပြီးနောက် သူငယ်ချင်းတွေကို နှုတ်ဆက် / PD ကို ပြောပြီး အပြင်သို့ထွက်လာခဲ့သည်။ သူမ ကားပါကင်ဆီသို့ရောက်ပြီး ဟိုဒီကြည့်နေစဉ် မလှမ်းမကမ်းမှ ကားအမည်းတစ်စီးက မီးဖြင့် အချက်ပြလာသည်မို့ ထိုကားဆီ Maria လျှောက်သွားကာ နှုတ်ဆက်လိုက်စဉ် ကားထဲမှ

ဝင်ဒီ - " Hello! လာ တတ် ညီမလေး လာ "

Maria - " ...ဟုတ် ကဲ့ "

Jacky - " ဒီည လည်ဖို့ သူကလည်း လည်စရာ ရွယ်တူအဖော်သူငယ်ချင်းမရှိလို့ လိုက်ချင်တယ်ပြောလို့ အဆင်ပြေတယ်မလား Mari ? လူများတော့ ပိုကောင်းတာပေါ့ "

Maria - " ဟုတ် ... ဟုတ်တာပေါ့ ဒီလို နာမည်ကြီးတဲ့ လူတွေနဲ့ လည်ရတော့ တခုခု များဖြစ်မလားပဲ စိုးရိမ်မိတာပါ ဟို .. စီနီယာတို့အတွက်ပါ ညီမကတော့ လူသိပ်သိတာမဟုတ်တော့ တခုခုဆို Companyက "

ဝင်ဒီ - " အဆင်ပြေတယ် စိုးရိမ်စရာမလိုဘူး အနောက်မှာ ဖြေရှင်းပေးမယ့် လူစွမ်းကောင်းကြီးရှိတယ် ဒါ့ကြောင့် အေးဆေး စိတ်ဖြောင့်ဖြောင့်နဲ့သာ လိုက်ခဲ့ ဟုတ်ပြီလား ?"

Dear Maria,....Where stories live. Discover now