🚨Hello👑👑

383 7 0
                                    

       မိန်းကလေးလေ ... မိန်းကလေးမို့ လို့တဲ့ ဆိုတဲ့စကားတွေကို တဖက်စောင်းနင်းအယူဆတွေကို ခင်ဗျားတို့ ကြားဖူးကြလား...?

   သူ့ဘာသာသူ ဖြစ်တည်လာတဲ့ ဘဝချင်းအတူတူ တစ်ခုကတော့ အမှိုက်သာသာ ရွံစရာချီးထုတ် သဖွယ် စွန့်ပစ်ခံလိုက်ရတဲ့ ဘဝ..။ အခြားဘဝတစ်ခုကျ အရာရာပိုင်ဆိုင်ပြီး တဖျက်ဖျက်လက်နေတဲ့ ရွှေဘုံစံနန်းထက် ကျော့ကျော့လေး......
       အဆိုးဆုံး ဘာလည်းသိလား သားသမီးချင်းအတူတူ တစ်ဖက်ကတော့ ချစ်ခြင်းမခံခဲ့ရတာပဲ....။

   ဒီလို ဘဝနှစ်ခုရဲ့ရေစက်ကတော့ သေချာပေါက် ရေစက်ဆိုးပဲဖြစ်လိမ့်မည်။ ရေစက်ဆိုးဆိုကတည်းက သေချာပေါက် ကောင်းသော တွေ့ဆုံခြင်း ကောင်းသောအကြောင်းတရားတွေ ဖြစ်တည်လာစရာမရှိဘူးပေါ့။

   နှစ်ပေါင်းများစွာ တေးမှတ်ထားတဲ့ အဖြေမရှိတဲ့မွန်းကြပ်မှု၊ တောက်လောက်နေတဲ့ နာကျည်းမှု ဒါတွေဟာ သိပ်ကိုအစွဲလန်းကြီးပြောင်မြောက်လွန်းတဲ့ အမည်မဲ့အမုန်းတရားတစ်ခုကို မွေးဖွားပေးခဲ့ပြီး... အရွယ်နဲ့လိုက် တဖြေးဖြေးချင်း တဖြေးဖြေးချင်း ကြီးထွားလာပြီ။

       "အမုန်းတရားဟာ... အဆုံးမှာအဖြေကိုရှာတွေ့သွားစေအုန်းတော့ ပြေပျောက်သွားနိုင်မှာလား...?????"

   မျက်ရည်တွေနဲ့ နာကျင်စွာလန့်နိုးတိုင်းမှာ သေချာပေါက် နောင်တ ရစေရမယ်ဆိုတဲ့ ခိုင်မာတဲ့သစ္စာနဲ့ ....

👑 Lisa (mine) ...။

    ကိုယ့်ကိုယ် ကိုမချစ်တတ်သရွေ့ အခြားလူပေါ် ဘယ်လိုမှ အေးချမ်းတဲ့ ချစ်ခြင်းတရားတွေပေးနိုင်မဟုတ်ဘူး..။

အရာရာပြည့်စုံလွန်းတဲ့ ဘဝမို့ သူမလိုပြည့်စုံသူသာ သူမလက်ကိုတွဲနိုင်လိမ့်မည်... သို့သော် တကယ်တမ်းကျ သူမအတွက် အရှုံးသမားဆိုတဲ့ နာမ်စားသာ .... အရှုံးမခံနိုင်ပါ  ရှုံးလို့ရှုံးမှန်းမသိ ရှိသမျှ အားအကုန်သုံးပြီး ဒီလူကို အပိုင်ချည်ဖို့ လုပ်ခဲ့တယ်။

    ရပ်လိုက်ပါတော့တဲ့... ဒီလိုတဇွတ်ထိုးတွေ ကမှူးရှုးထိုးလုပ်နေတာတွေကို မကြိုက်ဘူး..လူက ဘယ်လိုဖြစ်လို ဒီလောက်ပြောင်းလဲသွားရတာလဲ နင်နဲ့မတူအောင် .. ဆိုပြီး ဒီလိုအပြောခံလိုက်ရတဲ့ တခဏ အချိန်အကြာကြီးပစ်ချခဲ့တဲ့ ကိုယ့်သိက္ခာ မာနတွေက ချက်ချင်းကိုယ့်ဆီပြေးကပ်လာခဲ့တယ်...........။

Dear Maria,....Where stories live. Discover now