မျက်ရည်တွေကတော့ များတာပေါ့ ဒါပေမယ့် မငိုချင်တော့ဘူး

231 29 2
                                    

Sharr - " ထ "

ဝင်ဒီ - " လွှတ် မထိနဲ့ "

Sharr - " အရင်ဆုံး ထ လိုက် အုန်း "

ဝင်ဒီ - " ဘာလို့ ဂရုစိုက်နေတာလည်း ငါကို မချစ်နိုင်ရင်လည်း ဂရုစိုက်ပြမနေနဲ့လေ နင်က အာ့လိုတွေ လုပ်နေတာက ငါ့ကိုတနေ့နေ့တော့ဆိုတဲ့ မျှော်လင့်ချက်တွေပေးနေသလိုဖြစ်နေတာ မသိဘူးလား?"

Sharr ခါးကိုအနည်းငယ်ညွှတ်ပြီး ကြမ်းပြင်ပေါ်မှ ဝင်ဒီကို ထူကာ ကုတင်ပေါ်တွင်ထိုင်စေကာ တစ်ရှုုးယူပေးလိုက်သည်။

Sharr - " မျက်လုံးတွေ အစ်နေတော့မယ် သုတ်လိုက်အုန်း ... ပြီးတော့ ငါ နင့်ကို မမုန်းဘူးလေ ဒါ့ကြောင့် ငါမမုန်းတဲ့လူတစ်ယောက်ကို ဒီအတိုင်းပစ်မထားနိုင်လို့ ဂရုစိုက်ပေးမိတာ နင့်အတွက် မျှော်လင့်ချက်အမှားတွေဖြစ်သွားစေရန် တောင်းပန်ပါတယ် "

ဝင်ဒီ - " မမုန်းဘူး ချစ်လို့လည်းမရဘူး ဟုတ်တယ်မလား? ဒါပေမယ့် ငါကတော့ နင့်ကို အရမ်းသဘောကျတာမလို့ တခါလောက် အခွင့်ရေးပေးကြည့်ပါ ငါနင်လိုချင်တာမှန်သမျှ ပေးနိုင်ပါတယ် ဒါ့ကြောင့် တခါလေးပဲ ..."

သူမခါးကို ဖက်ကာ ကလေးလို ဂျီကျနေသော ဝင်ဒီခေါင်းလေးကို Sharr ပွတ်ပေးလိုက်ပြီး

Sharr - " တောင်းပန်ပါတယ် ငါ မင်းကို လက်ခံဖို့ စဉ်းစားလိုက်တိုင်း သူ့အပေါ်မှာ ငါဖောက်ပြန်နေသလိုခံစားရတယ်။ ငါပုခုံးပေါ်မှာ မင်းမှီပြီးအိပ်နေတာ ကြည့်ရင်းနဲ့လည်း ငါ သူ့အပေါ်မှာ အပြစ်ရှိသလို ခံစားနေရသေးတယ် ငါ နောက်ထပ်လူတစ်ယောက်ကို ထပ်မနာကျင်စေချင်တော့ဘူး အာ့ဒါကြောင့် တောင်းပန်ပါတယ် ဒါပေမယ့် စာချုပ်အရ ငါဘက်က အရင် မင်းကို ထားမသွားဘူး အာ့တာကြောင့်မလို့ ငါတို့ လမ်းခွဲချိန်ကျရင်လည်း မင်းအပြစ်မရှိပဲ ငါပဲ အကုန်ခံယူသွားမှာပါ

ဝင်ဒီ - " ဒါဆို သူသာ မရှိတော့ရင်ရော? သူသာမရှိတော့ရင် နင် ငါ့ကိုလှည့်ကြည့်မှာလား?"

Sharr - " ဝင်ဒီ ! မင်း တော်လိုက်ပါတော့ မင်းက လူတကာအားကျရလောက်တဲ့ တောက်ပတဲ့အနာဂတ်တွေနဲ့ မိန်းကလေး လေ ဘာလို့ ဒီလိုအတွေးမျိုး နောက်ထပ်ဒါမျိုး မကြားချင်ဘူး ငါ့အကြောင်းကိုသိတယ်မလား ငါက ငါသဘောကျတဲ့ အရာကို သူများက လာဖျက်ဆီးရင် အာ့လူကို ဟိုးအောက်အထိ နင်းခြေပြီး ငါခံစားရတာထက် ပိုခံစားရအောင် လုပ်ပစ်တတ်တယ် "

Dear Maria,....Where stories live. Discover now