တခါလောက်တော့ အတင်းကြိုးစားမပြုံးလည်းရတယ်မလား?

241 34 0
                                    

သူမအပေါ်ရုံအင်္ကျီနဲ့ Maria မျက်နှာကို အုပ်ပေးကာ ထိုလူအုပ်ကြားမှ Maria လက်ကိုဆွဲကာ ထွက်လာခဲ့သည်။ ကြာကြာမသွားလိုက်ရ သူမကို တစ်စုံတစ်ဦးက အနောက်မှ လှမ်းဆွဲကာ တားလိုက်သည့်အတွက် Maria ပုခုံးကိုကိုင်ကာ ကုလားထိုင်တစ်ခုပေါ် ထိုင်ခိုင်းလိုက်ပြီး

Sharr - " မျက်နှာက အုပ်ထားတာကိုမဖယ်လိုက်နဲ့နော် ကိုယ်ချက်ချင်းပြန်လာခဲ့မယ် ခဏလေးနော် "

Maria - " ..... Sh a... Sharr "

Sharr - " ရှုုး! ခဏပဲ ဒီမှာစောင့်နေ Jacky တို့လာနေပြီ ခဏပဲ "

သူမလက်ကို တင်းတင်းဆွဲထားသော Maria လက်တွေကို ဖြုတ်ချခဲ့ပြီး ခုနက နေရာသို့ ပြန်လာကာ လက်မှ နာရီကိုချွတ်ကာ အိတ်ကပ်ထဲထည့်လိုက်သည်။ သူမကို

Bar မှ လူရမ်းကားများ - " ဒီမှာ ခုနကမိန်းကလေးက ငါတို့နဲ့စကားပြောနေတုန်းလေ ဒါကို ဒီလိုအတင်းဖြတ်လုသွားပြီး အခုက ဘာလုပ်ချင်တာလည်း အား!!!!!!  အာ တကယ်ပါပဲ ဘယ်ကို ရာရာစစ အ ... အား!!"

Sharr - " အေးဆေး ကျော်သွားပေးမလို့ကို မဖြစ်တော့ဘူးပဲ စကားပြောဆို ဆင်ခြင် ကလေးတွေ ဒီက မမက သိပ်စိတ်မရှည်တော့ဘူး ဒါ့ကြောင့် ဒီထက်အသားမနာချင်ရင် ........အာ ဘာလည်း ဒီအပြုမူက အဆုံးထိသွားကြမယ်ပေါ့ အေးဟုတ်ပြီလေ "

သူမ ကို ကလေးကလား အုပ်စုလိုက်ရန်လာစနေသော ကောင်လေးတွေထဲမှ ထိပ်ဆုံးက ဟောင်ဖွာဖွာလုပ်နေသော ကောင်လေးရဲ့ ရင်ဝကို ခြေထောက်ဖြင့်ဆောင့်ကန်လိုက်သည့်အတွက် ရင်ဘက်ကိုဖွရင်း ထိုကောင်လေးက လဲကျရာမှ ရှက်ကိုးရှက်ကန်းဖြစ်ပြီး သူမကိုပြန်မဲ ကာ ရှေ့သို့တိုးလာသည်။

Bar မှ လူရမ်းကားများ - " ဒီမှာ ငါဘယ်သူလည်းဆိုတာ သိလား? ငါ့အဖေက J Group ရဲ့ ဒါရိုက်တာတစ်ယောက် ပြီးတော့ ဒီဘားကလည်း ငါတို့မိသားစုပိုင်တာ နင်တော့ ဒုက္ခရောက်ပြီပဲ ငါအခု ဖုန်းဆက်ပြီး ပြောမှာ "

Sharr - " အာ ကလေးကလားဆန်လိုက်တာ ဘာလို့ အိမ်ပြန်ပြေးပြီး မားမားရင်ခွင်ထဲခေါင်းအပ်ပြီး မငိုလည်း နင်ကော သိလား ငါဘယ်သူလည်းဆိုတာ ?"

ဘေးမှ ရပ်ကြည့်နေကြသော လူများက Sharr စကားကြောင့် ထရယ်ကြသည်။ ထိုကောင်လေးက ဖုန်းကို တကယ်ထုတ်ကာ ဖုန်းဆက်နေသည့် အတွက် Sharr ရပ်စောင့်ပေးနေလိုက်ပြီးနောက် ဖုန်းဝင်သွားသောအခါ Sharr ထိုကောင်လေးလက်ထဲမှ ဖုန်းကိုယူကာ

Dear Maria,....Where stories live. Discover now