သုံးပွင့်ဆိုင်အချစ်တစ်ခုရဲ့ နိဂုံး (Triangle Love)

274 26 0
                                    

သူမပါးကို ကိုင်ထားသော Sharrရဲ့လက်ဖဝါးပေါ် မျက်နှာအပ်ကာပွတ်သပ်လိုက်ပြီး Sharrမျက်နှာလေးကိုကြည့်လိုက်သည်။ Sharrက သူမကိုပြုံးကာကြည့်နေပြီး

Sharr - " ကလေးလေးလိုလုပ်နေတာပဲ။ နွေးလား ဒီလိုဆို ပိုနေလို့ကောင်းသွားလား?"

Maria ခေါင်းလေးညိမ့်ပြကာ Sharrလက်ဖဝါးတွေပေါ် ပါးလေးတွေအပ်ထားလိုက်သည်။ ဒီလို Sharr ., သူမဘေးမှာရှိနေတိုင်း ခံစားရတဲ့ ဒီနွေးထွေးမှု, သူ့ရဲ့ ခပ်တိုးတိုးလေးပြောတဲ့ အသံလေး, အရမ်းခံစားလို့ကောင်းလွန်းတယ်  ဒီ့ထက် ဒီ့ထက်ပိုပိုပြီး

Maria 💭 အိပ်မက်လိုပဲ ပျော်တယ်။ သူမကိုယ်ပေါ် Sharr ထိလိုက်တဲ့နေရာတိုင်းက ခံစားလို့ကောင်းလွန်းလို့ ငါ့နှလုံးသားကပေါက်ကွဲထွက်တော့မယ်။ တစ်လောကလုံးက တိတ်ဆိတ်နေပြီး သူရဲ့ခပ်တိုးတိုးအသံကလွဲပြီး ငါဘာမှကိုမကြားနိုင်တော့ဘူး💭💭💭

Sharr သူမလည်ပင်းကို သိုင်းဖက်ကာ ကလေးလေးလိုတွယ်ကာ ဖက်ထားသည်သာမက သူမလက်ဖဝါးနှစ်ဖက်ကြားတွင် မျက်နှာထည့်ကာ ငြိမ်သက်စွာနေနေသော Maria ကိုကြည့်ကာ

Sharr - " တောင်းပန်ပါတယ် အခုချိန်မှာမင်းအတွက် ကိုယ်လုပ်ပေးနိုင်တာ ဒါအကုန်ပဲမလို့"

Maria ခေါင်းကိုဘယ်ညာယိမ်းကာခါရင်း Sharrအပြောကိုငြင်းလိုက်သည်။

Maria 💭 မဟုတ်ဘူး! နင်ဘေးမှာရှိနေပေးရုံနဲ့တင် ဘာကိုမှမကြောက်တော့လောက်အောင် ပြည့်စုံနေပြီပဲ။ 💭

Sharr - " Sharr အစကတည်းက မမနဲ့နီးစပ်အောင်မကြိုးစားခဲ့ရင် မမဒီလိုတွေကြုံရမှာမဟုတ်ဘူး။ Sharr တကယ် တောင်းပန်ပါတယ် "

Maria သူမမျက်နှာမှ ခွာသွားတော့မယ် Sharrရဲ့အနွေးဓာတ်လေးမပျောက်သွားစေဖို့ သူမလက်နှစ်ဖက်ဖြင့် Sharrလက်တွေကို ဆုပ်ကိုင်ကာ Sharr နှုတ်ခမ်းကို သူမဘက်မှအရင် နမ်းရှိုက်လိုက်သည်။ Sharrက အံ့ဩစွာ

Sharr - " မ..မ.မ ..."

Maria - " မသွားပါနဲ့ ။ Sharrတခါမှတောင် မမအပေါ် နာကျင်အောင်မလုပ်ခဲ့ပါဘူး မသိဘူးလား တကယ်ဆို Sharr ဒီဂေဟာကိုရောက်မလာခင်အချိန်ထိ မမဘဝမှာ ဖြစ်ချင်တာတွေ အနာဂတ်ဆိုတာတွေ မတွေးကြည့်ခဲ့ဘူးဘူး။ ဒါတွေကို Sharrက လမ်းပြပေးခဲ့တာ အများအမြင်မှာ Sharrက မမအပေါ်မှီတွယ်နေတယ်ထင်ရပေမယ့် တကယ်တမ်းက မမကသာ Sharrအပေါ်မှီခိုနေမိတာ။ ငယ်ငယ်ကတည်းက မခံစားရဘူးတဲ့ မေတ္တာကို Sharrက ပေးခဲ့တာ ဒါ့ကြောင့် ကြောက်လာတယ် တဖြေးဖြေးနဲ့Sharrက မမ မနက်တိုင်းနိုးထချင်လာတဲ့အကြောင်းပြချက်မျိုးအထိဖြစ်လာတဲ့အခါ တရက်Sharrသာပျောက်သွားရင်ဆိုတဲ့ အကြောက်တရားကို ရှောင်လွှဲချင်တာကြောင့် ဘာမှမစဉ်းစားပဲ မွေးစားမိဘတွေနဲ့ ထွက်သွားခဲ့တာပါ။ထွက်သွားပြီး တစ်ယောက်ထဲရှင်သန်ဖို့လုပ်ခဲ့တာပါ တကယ်တစ်ကိုယ်ကောင်းဆန်ခဲ့တာ ငါပါ။

Dear Maria,....Where stories live. Discover now