🚨အိပ်မက်သာဆို ငါမင်းကို ချစ်တယ်ပြောမိမှာ 🚨📄

990 39 4
                                    

ပိုး တစ်ယောက် တစ်ညနေလုံးငိုနေပြီး ခုနကမှ အခန်းထဲဝင်သွားသော သူမသမီးဖြစ်သူကို စိတ်မဖြောင့်နိုင်သေးသောကြောင့် အခန်းတံခါးကိုခေါက်ကာ

ပိုး - "သမီးလေး ! Maria...? အိပ်နေပြီလား ? မေမေနဲ့ ညပိုင်း ဒီနားက ပန်းခြံလေးကို လမ်းလျှောက်ထွက်မလား?

Maria 💭 ပန်းခြံ..... MDနဲ့ သူမ တို့ အမြဲအတူရှိဖူးတဲ့ ပန်းခြံလေး ...? 💭

Maria - " ဟင့်အင်! သမီး အိပ်ချင်နေပြီမေမေ ခဏအိပ်လိုက်အုန်းနော် တောင်းပန်ပါတယ် "

ပိုး - " တောင်းပန်စရာမလိုပါဘူးကွယ် အိပ်ပါ  မေမေလည်း ဘုရားခန်းထဲမှာ တရားထိုင်လိုက်အုန်းမယ်နော်"

Maria - " ဟုတ်မေမေ"
ကုတင်ပေါ်လှဲနေရင်းကနေမှ ရုတ်တရက် ဝရန်တာနားက သူမစာရေးစားပွဲပေါ်မှ မြင်နေကျမဟုတ်သော မှတ်စုစာအုပ်အညိုလေးတစ်အုပ်ကိုလှမ်းတွေ့လိုက်ရသည်။ အနီးနားသို့ သွားကာ ထိုစာအုပ်လေးကို လှန်ကြည့်လိုက်သည်။ စာအုပ်ကရဲ့ ပထမစာမျက်နှာကလွဲဲရင် ကျန်စာမျက်နှာများမှာ ခြစ်ရာမရှိ အသစ်ဖြစ်နေသည်။ ပထမစာမျက်နှာက စာလေးကို Maria လက်ဖြင့်တယုတယထိကာ ပွတ်သပ်ရင်း မျက်ရည်ကကျမိပြန်ပြီ။ စာမှာက
📒📜📜📜🖋️🖋️
Sharr - " Dear Maria; ချစ်လှစွာသော မာရီယာရေ! နှုတ်ဆက်ခြင်းတွေကို နေသားကျအောင် ကြိုးစားပါ။ တစုံတယောက်... ကိုယ့်ကိုလို့ မဆိုလိုပေမယ့် သတိရတဲ့အခါတိုင်း ဒီစာအုပ်မှာစာရေးပါ။ ဒါတွေက တချိန်မှာ မင်းရဲ့သီချင်းသံစဉ်တွေဖြစ်လာပြီး ဒီလိုနဲ့ မင်းရဲ့ တစုံတစ်ခု ကိုလွမ်းခြင်းက တန်ဖိုးတွေရှိလာပါလိမ့်မယ်။"🖋️📜

Maria ထိုစာအုပ်လေးကို ရင်မှာပိုက်ပြီး ကြမ်းပြင်ပေါ်ထိုင်ချကာ အားရပါးရ ငိုလိုက်သည်။
Maria - " [ငိုသံ!!! ] MD "
-------------------------------------------------------------
Sharr - " အ !"
ဝင်ဒီ - " ရရဲ့လား? နှုတ်ခမ်းကိုက်မိသွားတယ် ထင်တယ် ကြည့်ရအောင် .... သွေးထွက်သွားတာပဲ ဆက်စားလို့ရပါ့မလား အရည်ပဲသောက်မလား?"

သူမနှုတ်ခမ်းကို အခုထိမလွှတ်သေးပဲကိုင်ထားသော ဝင်ဒီလက်တွေကို Sharrပုတ်ထုတ်လိုက်ပြီး

Sharr - " ရား! အိုဗာတွေ သိပ်မလုပ်နဲ့လို့ ပြောထားတယ်မလား? ဒီညစာအတူစားပြီတာနဲ့ မင်းနဲ့ငါကြားမှာ အလုပ်ကလွဲပြီး ဘာမှပတ်သက်စရာအကြောင်းမရှိတော့ဘူး ဒါ့ကြောင့်.... "

Dear Maria,....Where stories live. Discover now