မိတ်ဆက်

49.2K 2.9K 117
                                    

Unicode

တစ်ညလုံးအိပ်ရာမဝင်ပဲ ကြိုးကြိုးစားစားနဲ့စာကျက်တဲ့ ချောင်ရှောင် ဟာ အတန်းထဲမှာ ပထမရတယ်_နောက်ဆုံးကနေ ရေတွက်ရင်ပေါ့။

တစ်နေ့လုံးအိပ်နေတာတောင်မှ အမှတ်ပြည့်ရနိုင်တဲ့
ဟော့ရှန် ဟာ ရှားရှားပါးပါးကြင်နာစိတ်ကိုပြတဲ့အနေနဲ့ သူ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခံုဖော်ကိုနှစ်သိမ့်ဖို့ အချိုရည်တစ်ဘူး ဝယ်ပေးလိုက်တယ်။

အဲ့ဒီနောက်မှာ သူက ချောင်ရှောင် ရဲ့ဖုန်းမှာပေါ်လာတဲ့စာကို မြင်လိုက်တယ်၊

အဖေ : " မကြောက်ပါနဲ့၊ သား စာမေးပွဲမှာကောင်းကောင်းမဖြေနိုင်လည်း အဆင်ပြေတယ်၊ အဖေက သားအတွက်ပြိုင်ကားအသစ်တစ်စီးမှာပေးထားတယ် "

အဖိုး ၁ : " မြေးလေး၊ အလောတကြီးဖြစ်စရာမလိုဘူး၊ မြေးလေး စာမေးပွဲမှာကောင်းကောင်းမဖြေနိုင်တာတောင်မှ အဆင်ပြေတယ်၊ အဖိုးက မြေးလေးအတွက်ရွက်လှေအသစ်တစ်စင်းဝယ်ပေးထားတယ်၊ လာပြီးအနားယူလှည့် "

အဖိုး ၂ : " မြေးလေး၊ မငိုပါနဲ့၊ မြေးလေး စာမေးပွဲကိုကောင်းကောင်းမဖြေနိုင်လည်း အဆင်ပြေတယ်၊ အဖိုးရဲ့သန်းချီတန်တဲ့ပိုင်ဆိုင်မှုတွေက အကုန်မြေးလေးအတွက်ပဲ "

ငေးကြောင်ကြောင်အမူအရာနဲ့ပဲ ‌ဟောရှန် က သူ့ရဲ့ ၂.၅ယွမ်တန်တဲ့အချိုရည်ဘူးလေးကို အမှိုက်ပုံးထဲပစ်ထည့်လိုက်တယ်။

ခဏနေပါဦး၊ နှစ်သိမ့်မှု?

[ အလွန်ဆင်းရဲပြီး အိမ်ကထွက်လာတဲ့ အရမ်းဉာဏ်ကောင်းသော Gong × စာမလိုက်နိုင်၊ စာမေးပွဲကျ၊ တုန်နေအောင်အချစ်ခံရ အလိုလိုက်ခံရသော Shou ]

[ ဟော့ရှန် × ချောင်ရှောင် ]

Have a good day 🤍
_______________________________________________

Zawgyi


ဟော့ရှန် ဟာ ရှားရှားပါးပါးကြင်နာစိတ်ကိုပြတဲ့အနေနဲ့ သူ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်ကိုနှစ်သိမ့်ဖို့ အချိုရည်တစ်ဘူး ဝယ်ပေးလိုက်တယ်။





ငေးကြောင်ကြောင်အမူအရာနဲ့ပဲ ‌ဟော့ရှန် က သူ့ရဲ့ ၂.၅ယွမ်တန်တဲ့အချိုရည်ဘူးလေးကို အမှိုက်ပုံးထဲပစ်ထည့်လိုက်တယ်။




Have a good day 🤍
_______________________________________________

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now