အခန်း(၆၆)

6.6K 1.3K 76
                                    

Unicode

" ဒါကိုစစ်စရာဘာရှိသေးလို့လဲ "
‌ချင်စုက သူ့ကိုကြည့်ကာ အေးစက်စက်ပြောလေတယ်၊
" မင်းဒါတွေကိုတစ်ပုဒ်လေးတောင်မှန်လို့လား "

ဝေ့ကျားယွီ : " ... "

ချောင်ရှောင် တတ်နိုင်သမျှတော့ အောင့်ထားပါသေး၏၊ သူရယ်‌မောကာပြုံးလိုက်တယ်၊
" ဝေ့ကျားယွီ၊ မင်းလုပ်နိုင်ပါ့မလား "

ချင်စုဒီလောက်လျှာထက်မယ်မှန်း သူဘယ်တုန်းမှမသိခဲ့ပေ။

ဝေ့ကျားယွီက ဒေါသပုန်ထသွား‌‌လေတယ်၊
" ဒီကျူရှင်ချိန်တွေအတွက် ငါမင်းကိုလခပေးထားတာပဲ၊ အဲ့ဒါကို မင်းရဲ့သောက်ကျိုးနည်းဒီသဘောထားက ဘာတုန်းကွ! "

ချင်စုမှာ စကားပြန်ခံမ‌‌ပြောချင်လောက်အောင် စိတ်တိုနေချေ၏၊
" ဒါဖြင့်ဒီကျူရှင်ချိန်တွေကိုရပ်လိုက်ကြတာပေါ့ "

ဝေ့ကျားယွီ သေလောက်အောင်အသက်ရှူကျပ်သွားရတယ်၊
" ငါလခွမ်းထဲမှ ... ယီးလိုပဲ ... "
မင်းမိသားစုကိုထောက်ပံ့ပေးဖို့သာမဟုတ်ရင် ဒီကျူရှင်သင်ချိန်တွေအတွက် ငါကမင်းကိုသောက်ကျိုးနည်းတောင်းဆိုပါ့မလားကွ!

ဒါပေသိ ဒါကိုပြောလိုက်ရန်ကမဖြစ်၊ သူပြောလိုက်ရင် ဒီလေးလုံးက သူ့ကိုပွဲချင်းပြီးသေသွား‌အောင်ထုရိုက်လိုက်လိမ့်မယ်။

ပြေရာပြေကြောင်းပြောရန် ချောင်ရှောင်ရောက်သွားကာပြောလိုက်တယ်၊
" ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ နှစ်ယောက်လုံးစိတ်လျှော့ကြပါဦး၊ ကျူရှင်သင်တာက ကောင်းတဲ့အရာပါကွ၊ ဘယ်လိုဖြစ်လို့ ယမ်းမှုန်းနံ့က အရမ်းပြင်းနေရတာတုန်း "

ချင်စုက ဘာမှပြောမလာပေ။

‌ဝေ့ကျားယွီက သူ့ကိုယ်သူအရမ်းမလွန်စေရန် ရပ်တန့်လိုက်တယ်။

ချောင်ရှောင် ပြောလိုက်ပါ၏၊
" ချင်စု၊ သူနဲ့အတူလိုက်ပြီးခက်ထန်ဖို့မကြိုးစားနဲ့လေ၊ ဟော့ရှန်ကိုကြည့်ပါ့လား၊ သူဆို ငါ့ကိုအမြဲညင်ညင်သာသာလေးပြောတာ " ပြောသည့်စကားတွေက အမြဲတမ်းပေါက်ပန်းလေးဆယ်ဖြစ်နေပေမယ့်ပေါ့။

၎င်းက ဒီနှစ်ယောက်ကိုပြိုင်တူစကားပြောလာရန် ဆွပေးလိုက်သလိုဖြစ်သွားလိမ့်မယ်လို့ ဘယ်သူသိခဲ့မလဲ —

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now