အခန်း(၇၃)

6.1K 1.3K 53
                                    

Unicode

ပြောလာတဲ့သူ့စကားသံကိုပြတ်ပြတ်သားသားနားထောင်နေရင်း ချောင်ရှောင်စိတ်ထဲ တင်းကျပ်စွာချည်နှောင်ထားသည့် အထုံးက နောက်ဆုံးတွင် ပြေလျော့တော့မည့်အရိပ်အယောင်များပြသလာလေတယ်။

အဲဒီ့တစ်နှစ်အပြီး သူအိမ်ပြန်လာပြီးတဲ့နောက် သတိရှိနေချိန်မှာ သူဘယ်တုန်းကမှမငိုခဲ့ဖူးပေ။

အခုအချိန်တွင် သူဘယ်နေရာရောက်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိတယ်၊ ဒါက ဘတ်စကတ်ဘောကွင်းဆိုတာ သူသိနေတယ်၊ သူ့ရှေ့မှာ ကျောင်းသားတွေအများကြီးရှိနေပြီး ဒါက ငိုရမယ့်နေရာမဟုတ်ဘူးဆိုတာ သူအသေအချာသိပါတယ်။

ဒါပေမဲ့......

သူ ဟော့ရှန်ရဲ့အင်္ကျီကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားလို့ အသံတိတ်ငိုကြွေးနေမိတယ်။

ဟော့ရှန်က ဘာမှမပြောပေ၊ သူ့ကျောပြင်ကိုညင်သာစွာပုတ်ပေးပြီး သူ့ရင်ခွင်ထဲက သူ့ကိုကာကွယ်ပေးနေခဲ့တယ်။

ချောင်ရှောင်စောင့်နေသည့်နေရာက ကွင်းအစွန်၌၊ သူ့နောက်တွင်တစ်ယောက်မှရှိမ‌နေသလို ကစားကွင်းမှလူတိုင်း၏အမြင်ကိုလည်း ဟော့ရှန်က ကာဆီးထားတယ်၊ ဒါကြောင့် ချောင်ရှောင်ငိုနေတယ်ဆိုတာကို ဘယ်သူကမှမသိ။

စုန့်ရိရှီက လျှောက်လာပြီး မေး‌လေ၏၊
" ဘာဖြစ်တာလဲ... "

" အဆင်ပြေပါတယ် "
ဟော့ရှန်က သူ့ခေါင်းကိုတောင် လှည့်မလာခဲ့၊
" ချောင်ရှောင် သူ့ကိုယ်သူအရမ်းအပင်ပန်းခံလိုက်လို့ နည်းနည်းခေါင်းမူးသွားတာ "

စုန့်ရိရှီ : " ကောင်းပြီ၊ ငါတို့ သူ့ကိုကျောင်းဆေးခန်းခေါ်သွားရမယ်လေ! "

ဟော့ရှန် : " သူဒီမှာခဏလောက်ပြန်ကောင်းပါစေဦး၊ ခဏနေ အနားယူဖို့ ငါသူ့ကိုအဆောင်ပြန်ခေါ်သွားလိုက်မယ် "

စုန့်ရိရှီက အမြန်ပြောလာတယ်၊
" ကောင်းပြီ၊ ဒါဆို ဆရာထောင်ကို ငါသွားပြောလိုက်မယ် "

ဟော့ရှန် : " အမ် "

စုန့်ရိရှီက ကစားကွင်းကိုပြန်သွားပြီး လူတိုင်းနှင့်စကားပြောလိုက်တယ်၊ အားလုံးက စိတ်ပူနေကြသော်လည်း အဲဒီ့ကိုမသွားရဲခဲ့ကြပေ၊ ဟော့ရှန်၏ကိုယ်ဟန်အနေအထားက ဘယ်သူ့ကိုမှရောက်မလာစေချင်နေတာ အလွန်သိသာလှတယ်။

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now