အခန်း(၇၅)

6.4K 1.3K 69
                                    

Unicode

'ကံကောင်းခြင်း' ဆိုသည့်စကားလုံးတွေကိုရေးထားသော ရှေးဖြစ်ဟောတုတ်ချောင်းလေးကို ချောင်ရှောင် သူ့ခေါင်းအုံးအောက် မှာထားလိုက်တယ်၊ ထို့နောက် သူ့ရဲ့တင်းမာနေသည့်ကြွက်သားတွေကို ပြေလျော့သွားစေရန် မနည်းကြိုးစားလိုက်ရတယ်။

သူ့ခေါင်းကို ဒီခေါင်းအုံးပေါ်လှဲအိပ်ပြီး သူ့လက်က ထိုရှေးဖြစ်ဟောတုတ်ချောင်းလေးနှင့်သွားထိ‌လိုက်တိုင်း သူ့နှလုံးသားလေးကို တဒုတ်ဒုတ်ခုန်သွားစေတယ်။

ဘာပြဿနာမှရှိမှာမဟုတ်ပါဘူး......

သူ 'ကံကောင်းခြင်း' ရထားတာပဲ...

ပြဿနာမရှိပါဘူး!

သူ့နားကြပ်ကိုတပ်ပြီးနောက် ချောင်ရှောင်အိပ်ပျော်သွားတော့တယ်။

နောက်ဆုံးစာမေးပွဲတွေက အားလုံးပေါင်း နှစ်ရက်ကြာမည်ဖြစ်တယ်၊ ပထမနေ့က တရုတ်စာနှင့်သင်္ချာဘာသာရပ်အတွက်ဖြစ်ကာ ဒုတိယနေ့မှာ အင်္ဂလိပ်စာနှင့်အထွေထွေသိပ္ပံဘာသာရပ်တို့အတွက်ဖြစ်တယ်။

မနက်ခင်းလေ့ကျင့်ခန်းတွေလုပ်စရာမလိုသော်လည်း ချောင်ရှောင်မှာအစောကြီးနိုးနေဆဲ။

ချင်စုက သူ၏လှုပ်လှုပ်ရှားရှားအသံတွေကို ကြားတော့ သူ့အသံကိုလျှော့ပြီး မေးလာတယ်၊
" ဘယ်လိုဖြစ်လို့ဒီလောက်အစောကြီးထတာလဲ "

ချောင်ရှောင်က တရုတ်စာပုံနှိပ်စာအုပ်ကိုလှန်လှောနေရင်း ပြောလိုက်တယ်၊
" နောက်ဆုံးတစ်ခေါက်လောက် ပြန်‌နွှေးနေတာ၊ နောက်ဆုံးအကြိမ်ပြင်ဆင်မှုတွေကတောင် အထောက်အကူဖြစ်မယ်ဆိုတာ မင်းသိပါတယ် "

ချင်စုက သူ့ကိုငုံ့ကြည့်ရန် ကိုင်းလိုက်လို့၊
" ချောင်ရှောင် ... "

ချောင်ရှောင် သူ့ကိုကြည့်လိုက်ပြီး၊
" ဟမ်? "

ဆံပြာက အိပ်နေဆဲမို့ နှစ်ယောက်သားက တိုးတိုးလေး စကားပြောနေကြတယ်။

ချင်စုက ခဏတန့်သွားပြီးမှ ပြောလာလေတယ်၊
" ဒါနောက်ဆုံးစာမေးပွဲတစ်ခုပဲလေ "

ချောင်ရှောင် ပြုံးလိုက်ကာ၊
" ငါသိပါတယ် "

" မင်းက ဒါကိုကောလိပ်ဝင်ခွင့်စာမေးပွဲလိုသဘောထားနေတာပဲ၊ နောက်နှစ်နှစ်လောက်ထိ အဲ့ဒါက ရောက်လာဦးမှာမဟုတ်ဘူး "
ချင်စုက ဆက်ပြောလာတယ်၊
" မင်းလုပ်‌နေတဲ့ပုံက စာမေးပွဲပြီးသွားတာနဲ့ အားလုံးပြီးဆုံးသွားတော့မယ့်အတိုင်းပဲ "

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now