အခန်း(၃)

11.6K 2K 38
                                    

Unicode

အဲဒီ့မှာ လူလေးယောက်က တစ်ယောက်နဲ့တစ်ယောက်ထိပ်တိုက်တွေ့နေကြတယ်၊ လော့ရှောင်းနဲ့သူ့နောက်လိုက်က တခြားနှစ်ယောက်ကို အနိုင်ကျင့်နေကြတာ။

အဲ့နှစ်ယောက်က တကယ်ကိုသနားစရာကောင်းတယ်၊ သူတို့တွေက အသက်အနည်းငယ်ပိုကြီးပုံပေါ်ပေမယ့် အရိုက်ခံရမှာကြောက်လို့ သူတို့ကိုယ်သူတို့ ကျုံ့ထားကြတယ်။

ချောင်ရှောင်က အရပ်အလွန်ရှည်တဲ့ လော့ရှောင်းရဲ့နောက်လိုက်ကို ကြည့်လိုက်တယ်၊ သူဟာ သူ့ရဲ့ကျောင်းဝတ်စုံကို ဝတ်မထားဘူး၊ သူ့မှာ ဆွဲဆောင်မှုရှိတဲ့မျက်ခုံးတွေနဲ့ နှုတ်ခမ်းပါးတွေရှိတယ်၊ သူ့ရဲ့ဘေးတိုက်ပုံရိပ်က အလိုက်အထိုက်အားဖြင့် ကြမ်းတမ်းပုံပေါ်တယ်။

သေချာတာပေါ့၊ တူရာ,တူရာ စုတာပဲ!!

အရင်ကျောင်းလူဆိုးကနေ လိမ္မာတဲ့ကျောင်းသားအဖြစ်ပြောင်းသွားတဲ့ ချောင်ရှောင်လေးဟာ ချင်စုအနားကို နီးနီးကပ်ကပ်တိုးလာတယ်၊ ချင်စုက သူ့ကိုတိုးတိုးလေးပြောတယ်၊
" ဟိုနှစ်ယောက်က ဒုတိယနှစ်ကျောင်းသားတွေ၊ သူတို့က မကြာခင်ပဲ စီနီယာတွေဖြစ်တော့မယ်၊ ဒါပေမယ့် သူတို့ကအနိုင်ကျင့်ခံနေရတုန်းပဲ"

ချောင်ရှောင်လည်း သူ့အသံကိုနိမ့်ချပြီးမေးလိုက်တယ်၊
" သူတို့က ဘာလို့မခုခံကြတာလဲ "

ချင်စုက ရက်စက်ကြမ်းကြုတ်ပုံပေါ်တဲ့ကျောင်းသားကို စိုက်ကြည့်ပြီးပြောတယ်၊
" လော့ရှောင်းရဲ့ အရပ်ရှည်ပြီးခန့်ညားတဲ့ပုံကိုကြည့်လေ၊ သူက ငယ်ငယ်လေးထဲက လက်ဝှေ့ထိုးလာတာ၊ ငါကြားတာတော့ သာမန်ဒိုင်လူကြီးတွေတောင် သူ့ကိုမယှဉ်နိုင်ဘူးတဲ့ "

ချောင်ရှောင် တိတ်ဆိတ်သွားတယ်၊

ချောင်ရှောင်အမှန်တကယ်ကြည့်နေတာက သမ်းဝေခြင်းကိုကာဖို့ အိတ်ကပ်ထဲကနေ သူ့လက်ကိုထုတ်လိုက်တဲ့ အပျင်းထူပုံရတဲ့ကျောင်းသားကိုပဲ၊ ထိုသန်မာတဲ့လက်ဖျံက တကယ်ကိုလက်သီးထိုးနိုင်တယ်ပေါ့။

ကြည့်ရတာတော့ ဒီလူဆိုးမှာ ကျွမ်းကျင်မှုအနည်းငယ်ရှိသေးတာပဲ၊

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now