အခန်း(၆၃)

6.5K 1.3K 43
                                    

Unicode

ဒီဖြူစင်ရိုးသားသောလူငယ်လေးနှစ်ယောက်မှာ ကြမ်းသုတ်အဝတ်တစ်ခုကို အတူတူရှာရန်ထွက်သွားကြလေ၏။

ကြောက်လန့်တုန်ရီစွာဖြင့် ဆံပြာတစ်ယောက် အိမ်သာထဲနေလျှပ်စီးအရှိန်ဖြင့်တဟုန်ထိုးပြေးထွက်ခဲ့လေတယ်၊ စိတ်အနှောင့်အယှက်ဖြစ်စရာအသံတစ်ခုခုကိုကြားရမှာကြောက်နေစွာဖြင့်။

ဒီ"အိမ်သာသေးသေးလေး"ကို သူဘယ်တော့မှထပ်မလာတော့ဘူးလို့!

မဟုတ်သေးဘူး ... သူမကြာခဏလာရဦးမည်၊ ရှောင်းကောပြောထားသည့်အတိုင်း ရူးရူးမူးမူးချစ်ကျွမ်းဝင်နေကြသည့်ဒီနှစ်ယောက်နှင့်‌ဆို သူတို့တွေစဉ်းစားဉာဏ်ရှိစွာနေကာ မကြာခဏသူတို့ကိုကူပြီးဖုံးဖိပေးရမယ်လေ။

ချောင်ရှောင်က သူ့အခန်းဖော်၊ နောက်ပြီး အားနည်း‌သေးကွေးသည့်ခိုကိုးရာမဲ့သောသနားစဖွယ်လေး၊ ဒါပေမဲ့ စားနိုင်သောက်နိုင်ဆဲဖြစ်သည့်ဆင်းရဲသားတစ္ဆေပင်၊ သူ့အတွက်ဖုံးဖိပေးရန် သူ့မှာတာဝန်နှင့်ဝတ္တရားရှိတယ်လို့ အဆောင်ခန်းခေါင်းဆောင်ဝေ့ခံစားရပါတယ်နော်!

ဟော့ရှန်၏ရှင်းပြချက်အပြီးတွင် ချောင်ရှောင်အများကြီးစိတ်သက်သာရာရလို့သွားပြီ၊ ညစာစားချိန်မှာ ထိပ်ဆုံးမဏ္ဍိုင်ကို ၎င်းနှင့်ပတ်သတ်ပြီးသူမေးလိုက်တယ်။

Larry : " ဥက္ကဋ္ဌ၊ ပြိုင်ပွဲမှာဝင်ပြိုင်ချင်တဲ့လူတွေအတွက် အကဲဖြတ်စာမေးပွဲတစ်ခုရှိလိမ့်မယ်ဆိုတာဟုတ်လား "

ထိပ်ဆုံးမဏ္ဍိုင် : " ငါ့ကို မဏ္ဍိုင် လို့ပဲခေါ်ပါ၊ သေချာတာပေါ့၊ အကဲဖြတ်စာမေးပွဲတစ်ခုရှိ‌နေမှာ "

သောက်ကျိုးနည်း ဘာ 'မဏ္ဍိုင်' တုန်း! ဥက္ကဋ္ဌရဲ့ပုံစံက တကယ်ကြီးထူးဆန်းလွန်းပါတယ်နော်!

ချောင်ရှောင် သူ့ကိုယ်သူ တစ်ဖက်လူကိုပြက်ရယ်ပြုနေခြင်းမှရပ်တန့်ကာ စာဆက်ရိုက်လိုက်တယ်၊
" ဒါဖြင့် အချိန်ရောက်လာရင် အကဲဖြတ်စာမေးပွဲမှာငါဝင်ပြိုင်ပါ့မယ် "

ထိပ်ဆုံးမဏ္ဍိုင် : " အကဲဖြတ်စာမေးပွဲမှာမင်းဝင်ပြိုင်မယ်ဆိုတာ ငါသိတယ်၊ ဒါပေမဲ့ ငါမင်းနဲ့သီးသန့်စကားပြောချင်ရတဲ့အကြောင်းရင်းက မင်းငါ့ကိုရယ်လိမ့်မှာကို ငါကြောက်လို့ပါ "

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now