အခန်း(၉၆)

6.4K 1.3K 61
                                    

Unicode

ချောင်ရှောင်ကလည်း လှမ်းကြည့်လာတယ် ...

ဆည်းဆာနေရောင်ဖြာကျနေတဲ့အောက်မှာ တခြာ‌းသောကောင်လေးကို သူ‌တွေ့လိုက်ရတယ်၊ သူက အရပ်ရှည်ပြီးသိမ်‌မွေ့တဲ့ခန္ဓာကိုယ်နဲ့ ဝတ်စုံပြည့်ကိုခန့်ညားစွာဝတ်ဆင်ထားလို့ ကော်ဇောနီထက်က နာမည်ကြီးသူတစ်ယောက်ကဲ့သို့လိုက်လျောညီထွေရှိလှတယ်၊ သူ့ဆံပင်တွေကို နောက်သို့လှန်ကာဖြီးသင်ထားပြီး မြင်ရခဲတဲ့ချောမွေ့တဲ့နဖူးပြင်ကိုလှစ်ဟပြထားတယ်၊ သူ့ကိုပိုလို့ပင်ချောမောခန့်ညားသွားစေပြီး တစ်နည်းနည်းနဲ့ရင့်ကျက်တဲ့ဆွဲဆောင်မှုကိုပေါင်းထည့်ထားစေတဲ့ အသွင်တစ်မျိုးပါပဲ။

ဟော့-ဟော့ရှန်?!

ချောင်ရှောင်ရဲ့စိတ်က ဗလာဖြစ်သွားပြီး သူ့ရဲ့အလုပ်လုပ်တဲ့စနစ်တွေအားလုံး ပြိုလဲသွားရကုန်ပြီ။

သူတို့အကြည့်ချင်းဆုံသွားကြတဲ့ တိုတောင်းလှတဲ့အခိုက်အတန့်အပြီးမှာ ဟော့ရှန်က အမြန်စိတ်နဲ့ကိုယ်နဲ့ပြန်ကပ်သွားတယ်၊ သူက ချောင်စုန့်မင်ကို ကျိုးနွံစွာ နှုတ်ဆက်စကားဆိုလိုက်တယ်၊ ချောင်စုန့်မင်က သူ့သားရဲ့ထူးဆန်းတဲ့အပြုအမူကိုသတိပြုမိတာကြောင့် အာရုံစူးစိုက်မှုမရှိတဲ့တုံ့ပြန်မှုကိုပဲ ပေးခဲ့တယ်။

ချောင်ရှောင်ကိုကြည့်လာတဲ့ ဟော့ရှန်ရဲ့မျက်လုံးနက်နက်တွေက ကြည်လင်ပြီး တည်ငြိမ်နေတယ်၊ နောက်ပြီး သူ့နှုတ်ခမ်းပါးကအံကျလာတဲ့စကားလုံးတွေကလည်း ပြတ်သားနေခဲ့တယ်၊
" ဒီက ချောင်ရီများလား "

ချောင်စုန့်မင်က ဟော့ရှန်ကိုမမှတ်မိခဲ့ဘူး၊ ‌ဟော့ရှန်ရဲ့နွေရာသီအလုပ်သမားအဖြစ်ကာလအတွင်းမှာ သူက သူတို့ကိုတမင်သက်သက်ရှောင်နေခဲ့တယ်၊ သူ့မှာစောင့်ကြည့်မှတ်တမ်းတချို့တလေကိုပြန်ကြည့်ရန် အချိန်ကလည်းမရှိတဲ့အတွက် ဟော့ရှန်ကဘယ်လိုပုံစံရှိမှန်းပင် သူမသိချေ၊ ဒီအခိုက်အတန့်မှာ ချောင်ရှောင်အာရုံပျံ့လွင့်နေတာကိုမြင်လိုက်ရတဲ့အခါ ရှဲ့မိသားစုရဲ့အိမ်ကို သူတို့ရောက်ရှိလာခြင်းက သူ့သားရဲ့မှတ်ဉာဏ်တစ်ခုကိုတူးဆွလိုက်မိပြီလို့ သူ့မှာတွေးမိနေဆဲ...

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now