အခန်း(၁၀၅)

6.9K 1.4K 110
                                    

Unicode

ဝေ့ကျားယွီမှာ အဲ့ဒီနေရာမှာပဲ ခဏလောက် ‌ကြက်သေသေကာ ရပ်နေလေတယ်၊ အဲ့ဒီနောက် သူက ပြောလိုက်တယ်၊
" ဂုဏ်-ဂုဏ်ပြုပါတယ်! "
သူက ကျောင်းလွယ်အိတ်ကို သူ့ကျောမှာလွယ်ကာ နောက်လှည့်ပြီး မမြင်သင့်တဲ့အရာကို မြင်လိုက်ရတဲ့အလား ထွက်ပြေးတော့တယ်။

ယာဉ်မောင်းက ကားမောင်းလို့ ထွက်သွားချေပြီ၊ ချောင်ရှောင်က ဟော့ရှန်ကိုကြည့်ကာ အံ့အားသင့်စွာဖြင့် မေးမိတယ်၊
" သူက ငါတို့ကို ဘာအတွက်ဂုဏ်ပြုသွားတာတုန်း? "

သူ့ကိုစောင့်ကြည့်နေတဲ့ သာ့ချောင် မရှိတော့ ဟော့ရှန်က ပြောရဲဆိုရဲဖြစ်သွားပြီ၊
" ကိုယ်တို့လက်ထပ်တော့မှာမို့ ဂုဏ်ပြုသွားတာနေမှာပေါ့? "

ချောင်ရှောင် : " ............ "
သူ တကယ် လူမှန်သူမှန်ကို သွားမေးမိတာပဲ!

ဟော့ရှန်က သူ့အငှားတိုက်ခန်းဆီ ပြန်ရလိမ့်ဦးမယ်၊ ကျောင်းမှာ ဘယ်သူကမှ သူ့အဝတ်အစားတွေကို မှတ်မိမှာမဟုတ်ဘူးဆိုပေမယ့် သိုသိုသိပ်သိပ်နေဖို့ ကျောင်းဝတ်စုံကိုဝတ်တာပဲ ပိုကောင်းပါတယ်။

ဟုတ်တာပေါ့၊ ချောင်ရှောင်က သူနဲ့အတူလိုက်သွားချင်တယ်၊ သူတို့နှစ်ယောက် လမ်းလျှောက်ရင်း စကားစမြည်ပြောနေကြတယ်။

ချောင်ရှောင်ပြောလိုက်တယ်၊
" ငါတို့တွေ ဝေ့ကျားယွီကို သေလောက်အောင်ခြောက်လန့်မိသွားပြီပဲ "

ဟော့ရှန်က သူ့ကိုနှစ်သိမ့်တယ်၊
" သူက ကိုယ့်မိသားစုရဲ့ကားလို့ပဲ သေချာပေါက်ထင်သွားမှာ "

ချောင်ရှောင်လည်းအဲ့ဒီလိုတွေးမိတယ်၊ အဲ့ဒီနောက် ရုတ်တရက် သူ တစ်စုံတစ်ခုကို သွားတွေးမိတယ်၊
" မင်းရဲ့မျိုးရိုးနာမည်အရင်းက ရှဲ့ ဆိုတာ သူသိလား? "

ဟော့ရှန်ကပြန်ပြောတယ်၊
" လောင်လော့ကလွဲရင် ဘယ်သူမှမသိဘူး "
သူနဲ့လော့ရှောင်းက အလယ်တန်းကျောင်းကို အတူတူတက်ခဲ့ဖူးတယ်၊ နောက်ပိုင်း လော့ရှောင်းက သူ့မှာ××‌အမေရှိတယ်လို့ပြောခြင်းဖြင့် သူ့ကိုစော်ကားခဲ့တဲ့ သူ့အတန်းဖော်တွေကို စိတ်ကုန်သွားပြီး ဒီနာမည်မရှိတဲ့အရှေ့အထက်တန်းကျောင်းသို့ ရောက်လာခဲ့ခြင်းဖြစ်တယ်။

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now