အခန်း(၂၅)

7.6K 1.5K 110
                                    

Unicode

ထိုပြောဆိုထားသည့်စကားလုံးန‌ှစ်လုံးနဲ့တင် လိုက်လာသည့် comment တွေ၏လေသံမှာ ရုတ်ခြည်းပင်အလှည့်အပြောင်းဖြစ်လို့သွား၏။

ချင်စုကို သရော်နေကြသည့် အပုပ်ချနေသော ထိုဝေဖန်သူအပေါင်းဟာ သူတို့၏နဖူးစည်းစာတန်းများကို ချကာ သူတို့၏ ဒရမ်တွေကို အသံမထွက်အောင်ဖုံးအုပ်နေကြတယ်၊ ထွက်လာပြီးတောင် အချို့က ပြောလာကြတယ်၊
" သည်ကိစ္စမှာ ချင်စုက လုံးဝအပြစ်ကင်းတယ်၊ ဒါပေမယ့် အဲ့ဒါကြောင့်နဲ့ သူ့မှာနှစ်တစ်ဝက်ကြာအောင် အတော်ဆိုးဆိုးဝါးဝါးဆက်ဆံ‌ခံခဲ့ရတယ်၊ ဒါဟာအတော်ဝမ်းနည်းစရာပဲ "

" ဟုတ်တယ်၊ သူ့မှာ အကြောင်းပြချက်ရေရေရာရာမရှိဘဲ သူခိုးအဖြစ် အမှားခံခဲ့ရတယ်၊ ပြီးတော့ အဲ့ဒါက လူတွေအများကြီးရှေ့မှာ ဖြစ်ပျက်သွားခဲ့တာ၊ အဲ့ဒါကိုတွေးမိရုံနဲ့တင် ကြောက်စရာပဲ "

" ကံကောင်းစွာပဲ အမှန်တရားကြီးတစ်ခုလုံးကို ဖော်ထုတ်ပြီးသွားလို့ "

" ကျောင်းလွယ်အိတ်ကို လွှင့်ပစ်တဲ့ အဲ့ကောင်က အရမ်းလွန်တာပဲ၊ သူက အမှန်ကိုသိနေပေမယ့် ဘယ်သူ့ကိုမှ မပြောခဲ့ဘူး "

ထိုဟာ၏အောက်မှာတော့ ကျောက်ဟောက်ယွမ်ကို ဆန့်ကျင်သည့် ဆိုးဝါးသောစစ်ပွဲကြီး ရှိလို့နေတယ်။

ဟော့ရှန်က ဖုန်းကို ချောင်ရှောင်ထံ ပြန်ပေးလိုက်ကာ၊
" အခုအဆင်ပြေသွားပြီ "

ယခုအချိန် ချောင်ရှောင်မှာ ဒေါသနဲ့လောင်ကျွမ်းနေလေရဲ့၊ ထို comment တွေကိုဖတ်နေရင်း ချင်စုဘယ်လိုခံစားနေရမယ်ဆိုတာကို တွေးမိလိုက်တိုင်း သူကိုယ်တိုင် ဓားနဲ့အထိုးခံနေရသကဲ့သို့ပင်။

ဘာကြောင့် ချင်စုကို သည်လိုအနိုင်ကျင့်နေကြတာလဲ၊ ဘာကြောင့် လုံးဝအပြစ်မဲ့သည့်အတန်းဖော်တစ်ယောက်အပေါ် သည်လိုစက်ဆုပ်စရာမလိုမုန်းထားမှုတွေကို ပစ်ပုံချနေကြတာလဲ။

သူက ဘာမှားတာလုပ်ခဲ့မိလို့လဲ၊ ရှင်းရှင်းလင်းလင်းကို သူက ဘာမှားတာကိုမှ မလုပ်ခဲ့ဘူးလေ!

ချောင်ရှောင်ဟာ ဒေါသထွက်နေပြီး အလွန်စိတ်ဆိုးနေခဲ့ကာ သူ့နှလုံးသားမှာ လူတွေကို ခိုက်ခိုက်တုန်စေနိုင်လောက်အောင် အေးခဲနေသလားထင်ရတယ်။

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now