အခန်း(၅၄)

6.7K 1.4K 107
                                    

Unicode

စုန့်ရိရှီ တကယ်ပဲမေးလိုက်ချင်တယ်၊
'မင်းတို့နှစ်ယောက် ဘာလို့တစ်ယောက်နဲ့တစ်ယောက်ရဲ့လက်တွေကို အရမ်းကြိုက်နေကြတာလဲ'

ဒါပေသိ သူမမေးရဲပေ။

တစ်နှစ်ပတ်လုံး မိန်းကလေးတွေကို Bl ဖန်ဝန်ဆောင်မှုရောင်းနေသည့် 'အဖြောင့်ကောင်'စုန့်မှာ အနည်းငယ်ကြောက်ရွံ့မိနေတယ် ...

ဟော့ရှန်နှင့်ချောင်ရှောင် အခန်း ၅၁၆ ကိုပြန်ရောက်ချိန်တွင် အခန်းက အတော်လေးလင်းနေတာကို သူတို့တွေ့လိုက်ရတယ်။

ဓာတ်အားပြတ်တောက်နေသော်လည်း ဝေ့ကျားယွီ၏စားပွဲပေါ်တွင် ညလင်းမီးအိမ်လေးတစ်ခုရှိနေ၏၊ လိမ္မော်ရောင်အလင်းက အခန်းကိုအတော်လေးနွေးထွေးနေစေတယ်၊ ၎င်းက ‌နွေးထွေးသည့်ပုံပေါ်နေစေတာမဟုတ်၊ နွေးထွေးနေခြင်းသာ...

ချောင်ရှောင် ပြောလိုက်တယ်၊
" ပြတင်းပေါက်တွေကို ဘာလို့မဖွင့်တာလဲ "

လျှပ်စစ်ဓာတ်အားမရှိတော့ လေအေးပေးစက်လည်းမရှိ၊ ဒါကြောင့် အခန်းက အနည်းငယ်ပိတ်လှောင်နေလေ၏။

ချင်စုက အခန်းကို သူ့ရှေ့တစ်လှမ်းအရင်ရောက်နှင့်နေကာ ပြောလာတယ်၊
" ဖွင့်ထားပြီးပြီ "

ဝေ့ကျားယွီကလည်း ပြောလာတယ်၊
" ကျောင်းက ငါတို့တွေ အဆောက်အအုံကနေ ခုန်ချမှာကြောက်လို့ ပြတင်းပေါက်တွေကို တစ်ဝက်ပဲဖွင့်လို့ရတယ် "

ရံဖန်ရံခါ အခန်းကိုလေဝင်လေထွက်ကောင်းစေရန် သူပြတင်းပေါက်ဖွင့်တာကို ချောင်ရှောင်သတိရသွားတယ်၊ အမှန်ပင် ပြတင်းပေါက်များကို အပေါ်ကနေ တစ်ဝက်ပဲဖွင့်လို့ရကာ အပြည့်ဖွင့်လို့မရပေ။

ပုံမှန်အားဖြင့် သူတို့က လေအေးပေးစက်ကို‌ဖွင့်ထားကြတာ၊ သူတို့ဘယ်တုန်းကမှမထင်ခဲ့တာက ဓာတ်အားပြတ်တောက်သည့်ဒီလိုအချိန်‌တွေရှိလာနိုင်ပြီး ထိုရှုပ်ယှက်ခတ်နေသောပြတင်းပေါက်တွေကို သူတို့တကယ်ပဲမုန်းတီးမိလိမ့်မယ်လို့ပေါ့။

ထိုအခိုက်အတန့်တွင် ဟော့ရှန်က ပြောလာ၏၊
" ဝေ့ကျားယွီ၊ ငါမှတ်မိတာမှန်ရင် မင်းမှာပန်ကာသေးလေးတစ်ခုရှိတယ်မလား "

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now