အခန်း(၄၃)

6.8K 1.4K 64
                                    

Unicode

ချောင်ရှောင်နှင့်ဟော့ရှန်လည်း သူတို့ကိုမြင်တယ်၊ ဟော့ရှန်က ပြောလိုက်တယ်၊
" ရောက်ပြီလား၊ ခဏစောင့်ဦး "

ဝေ့ကျားယွီ သူ့ဘာသာသူ တွေးမိတယ်၊
'မင်းက ဘာလို့အမြီးကုပ်မနေတာတုန်းလို့!'

ချောင်ရှောင် အမြန်ပြောလိုက်တယ်၊
" နွားနို့ မတော်တဆဖိတ်ကျမိသွားလို့၊ ငါ ဒါကိုသန့်ရှင်းရေးလုပ်လိုက်မယ်... "

ဘယ်လိုသန့်ရှင်းရေးလုပ်ရပါ့၊ ကြမ်းသုတ်အဝတ်နဲ့လား ဒါမှမဟုတ် အဝတ်စုတ်နဲ့လား။

အဝတ်စုတ်က ဘယ်မှာတုန်း၊ ကြမ်းသုတ်အဝတ်က ဘယ်မှာတုန်း၊ ချောင်ရှောင် သူ့အန်တီဝူကို အများကြီးသတိရသွားပါပြီနော်။

ထိုထွက်ဆိုချက်က အရာအားလုံးကို ရှင်းလင်းသွားစေတယ်၊ လက်စသတ်တော့ သူတို့က နေ့ခင်းကြောင်တောင်ကြီး ဟိုဒင်းဟိုဟာလုပ်နေကြတာမဟုတ်ဘူးပေါ့၊ နွားနို့နည်းနည်း ဖိတ်ကျသွားရုံပဲကိုး။
( အင်း...ယူတို့တွေးတဲ့အတိုင်းပဲ ತ_ʖತ )

ဝေ့ကျားယွီမှာ တံခါးအပြင်ဘက်သို့ ခြေလှမ်းအနည်းငယ် အလောတကြီးလှမ်းနေရာမှ နောက်ဆုံး လမ်းမှာတင် ရပ်တန့်သွားရတယ်။

လော့ရှောင်း : " ကားက အောက်ထပ်မှာရောက်နေပြီ "

ဟော့ရှန်က ချောင်ရှောင်ကိုဆွဲကာ ပြောလိုက်တယ်၊
" ကိစ္စမရှိဘူး၊ ဒါကိုစိတ်မပူနဲ့ "

ချောင်ရှောင် : " ငါတို့ ဒါကို ဒီတိုင်းထားခဲ့မလို့လား၊ ငါတို့ပြန်ရောက်တဲ့အထိသာ စောင့်နေရင်... " အကုန် နံဟောင်ကုန်မှာပေါ့လို့!

လော့ရှောင်းက မျက်မှောင်ကြုတ်ကာ၊
" အဲ့ဒါကို မထိနဲ့၊ သန့်ရှင်းရေးလုပ်ဖို့ တစ်ယောက်ယောက်ကို ငါခေါ်လိုက်မယ် "

ဟော့ရှန်ကတော့ ဒါကို သူ့ဘာသာသူသန့်ရှင်းရေးလုပ်လိမ့်မှာမဟုတ်၊ သည်တိုက်ခန်းမှာ ကြမ်းသုတ်အဝတ်တစ်ထည်တောင်မှမရှိတာ ဖြစ်နိုင်တယ်။

ဟော့ရှန်လည်း ချောင်ရှောင်ကိုတားလိုက်တယ်၊
" အဲ့ဒါတွေ မင်းကိုမထိမိအောင် သတိထားနော် "

ချောင်ရှောင်မှာ တွန့်ဆုတ်နေဆဲ၊ ဒါကြီးကိုထားခဲ့ပြီး ထသွားဖို့က မမှန်ကန်ဘူးလို့ သူခံစားနေရတယ်...

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now