အခန်း(၁၁၁)

6.6K 1.4K 81
                                    

Unicode

ဂုဏ်ပြုကဒ်က သိသာစွာပင် ချောင်ရှောင်ရဲ့ကဒ်ဖြစ်ပေမယ့် ချောင်ရှောင်က ၎င်းရဲ့အခွင့်အာဏာအားလုံးကို ဆုံးရှုံးနေချေပြီ၊ ၎င်းကိုပြန်လုယူဖို့အသာထား၊ သူတို့က သူ့ကိုတစ်ချက်လေး‌တောင်မှကြည့်ခွင့်မပေးကြဘူး!

ချောင်စုန့်မင်ကပြောတယ်၊
" ထမင်းစားချိန်ရောက်ပြီ "

သူတို့တွေ ထမင်းစားခန်းထဲ တစ်ချက်ကြည့်လိုက်တဲ့အခါမှာတော့ ဘုရားရေ!...

ဂဏန်းသုံးမျိုးချက်၊ ကျောက်ပုစွန်ကြီး၊ လတ်ဆတ်တဲ့သံပခြုပ်အသားလွှာ၊ ကန်ဆိုင်း‌ဒေသမှ သ‌င်္ဘောဖြင့်တိုက်ရိုက်တင်သွင်းတဲ့ ငါးရှဉ့် ...

ချောင်ရှောင် အံ့ဩတုန်လှုပ်သွားရတယ်၊
" ကျွန်တော်တို့ နှစ်သစ်ကူးညစာစားပွဲ ကျင်းပနေကြတာလား "

ချောင်စုန့်မင်က‌ပြောလာတယ်၊
" ဒီနေ့က သိပ်ပျော်ရွှင်ရတဲ့အခါသမယလေ၊ ဒီတော့ အဖေတို့က သေချာပေါက်အောင်ပွဲခံရမှာပေါ့ "
သူက သူ့စုဆောင်းမှုများထဲမှ အမြတ်တနိုးတန်ဖိုးထားရတဲ့ဝိုင်ပုလင်းကိုလည်း ‌ထုတ်လိုက်သေးလို့၊ သူက ဒေါ်လာသုံးသိန်းတန်ပုလင်းကို ချက်ချင်းပင် ဖောက်ခနဲဖွင့်ချလိုက်တယ်။

ချောင်ရှောင် အရှုံးပေးမိတော့တယ်၊
" အဲ့ဒါအပျော်တမ်းပြိုင်ပွဲလေးပဲဟာကို၊ လုံးဝအဓိပ္ပာယ်မရှိဘူးဗျ! "

ဟော့ရှန်ကပြောလာတယ်၊
" အရမ်းအဓိပ္ပာယ်ရှိပါတယ်ကွာ "
အခုဆို သူက ပန်းကန်ခွက်ယောက်တွေကို နေရာချတဲ့နေရာမှာ အလွန်ကျွမ်းကျင်နေချေပြီ။

ချောင်စုန့်မင်က ဝိုင်နီကို ဝိုင်ထည့်တဲ့အလှဖန်ပုလင်းထဲ လောင်းထည့်နေတယ်၊
" ဒါက ချောင်မိသားစုမှတ်တမ်းထ‌ဲ မှတ်တမ်းတင်ကိုတင်ရမယ့် အရေးကြီးတဲ့အဖြစ်အပျက်တစ်ခုပဲ "

သူ့စကားတွေကိုနားထောင်နေရင်း ချောင်ရှောင်ရဲ့နှလုံးသားမှာ ချိုချိုချဉ်ချဉ်ဖြစ်သွားရတယ်၊ သူက အရွှန်းဖောက်ရန် အတတ်နိုင်ဆုံးကြိုးစားမိတယ်၊
" ဒါဖြင့် ကျွန်တော်တို့ချောင်မိသားစုမှတ်တမ်းက အတော်လေးအပေါစားဆန်နေပြီနဲ့တူပါရဲ့ "

ငါ့ရဲ့စာမလိုက်နိုင်တဲ့ထိုင်ခုံဖော်က ဘယ်လိုနှစ်သိမ့်မှုမှမလိုအပ်ဘူး [ဘာသာပြန်]Where stories live. Discover now